• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျန်းမာရေးအတွက် ကန်စွန်းရွက်

(GMT+08:00) 2011-08-27 21:58:48

                   

                             

  အာရောဂျံ ပရံမံလာဘံ ဆိုတဲ့  စကားအတိုင်း လူသားတိုင်း ကျန်းမာနေဖို့လိုပါတယ်။ ကျန်းမာရေး ဟာ လူသား တိုင်းအတွက် အလွန်တန်ဖိုးရှိတဲ့ လာဘ်ကြီးတစ်ပါးပဲဖြစ်ပါတယ်၊ဒါကြောင့် အဖိုးနည်း၊ ကျန်းမာ၊ ဆေးဖက်ဝင်တဲ့ ကန်စွန်းရွက်ကို လူသားတိုင်း နေ့စဉ်မဟုတ်တောင် တစ်ပတ်ကိုတစ်ခါ၊ နှစ်ခါလောက် စားသုံးသင့်ပါတယ်။ ကန်စွန်း အမျိုးပေါင်းများစွာရှိတဲ့ထဲမှာမှ ကန်စွန်းကြီးရွက်၊ တရုတ်ကန် စွန်း၊ကန်စွန်း ရိုးနီ စတဲ့ ကန်စွန်တွေကို လူတွေတော် တော်များများ ကြိုက်နှစ်သက်ပါတယ်။ လူတိုင်း လည်း စားသုံး လေ့ရှိပါတယ်။ ကန်စွန်းရွက်ဟာ လူသားတိုင်းအတွက် အာဟာရဓာတ်ကိုလည်းစြဖ်စေ ပါတယ်။

ကန်စွန်းရွက်ကို ကြော်၊ချက်၊ပြုတ်၊သုပ်စတဲ့ပုံစံနဲ့ အမျိုးမျိုးချက်ပြုတ်စားသောက်နိုင်ပါတယ်။ ကန် စွန်းရွက်ကို ဟင်းလျာအဖြစ်စားသုံးနိုင်သလို ကျန်းမာရေးအတွက် ဆေးဝါးဓာတ်စာအဖြစ်လည်း အသုံး ၀င်ပါတယ်။ အကြောတက် ခြင်း၊ အဆိပ်အတောက်ပြေစေခြင်းတို့အတွက် ကန်စွန်းရွက်ကို စားသုံးနိုင် ပါတယ်။

မြန်မာ့ဆေးကျမ်းတစ်စောင်ဖြစ်တဲ့ ဥတုဘောဇနသင်္ဂဟဆေးကျမ်းတွင် ကန်စွန်းရွက်က ချိုတယ်၊ နို့ရည်၊သုတ်တို့ ကို ပွားများစေတယ်၊ သည်းခြေနဲ့ဆိုင်သောဝေဒနာတို့ကို ပြေပျောက်စေတယ်၊ သွေး ကင်း၊လေကင်း၊အဖျားကင်း၊အပုပ် ကင်း စတဲ့ဝေဒနာတို့ကိုလည်း ပျေက်စေနိုင်တယ်။ ကန်စွန်းရွက်ကို သန့်စင်အောင်ဆေးကြောပြီး ကန်စွန်းရွက်ကြိတ် ညှစ်ရည်ကို လူနို့နဲ့ဖျော်ပြီး မျက်စဉ်းဆေးရည်အဖြစ် ခတ်ပေးရင် မျက်ခမ်းစပ်နာ၊မီးယပ်မျက်စိနာ၊မျက်စိမှုန်ဝါးဝါးဖြစ်ပေါ်နေတဲ့ ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ အစားမှားခြင်းကြောင့်ဖြစ်တဲ့ ၀မ်းဗိုက်မအီမသာ ဖြစ်ခြင်း၊မစားချင်မ သောက်ချင်ဖြစ်ခြင်းနဲ့ကိုယ်လက်ယားယံခြင်းတို့ အတွက် ကန်စွန်းရွက်ကို  ထန်းလျက်နဲ့အတူကြိတ် ပြီး အရည်ကို နံနက်တစ်ကြိမ်၊နေ့လယ်တစ်ကြိမ်သောက်သုံးခြင်းဖြင့် ပြန်လည်ကောင်းမွန်လာနိုင်ပါ တယ်။

လတ်ဆတ်တဲ့ကန်စွန်းရိုးနီကို ရေနွေးဖျောပြီးပါးပါးလှီးအစာများများနဲ့သုပ်စားရင် ၀မ်းကိုက်ရောဂါ၊ မီးယပ်သွေးမ မှန်တဲ့ရောဂါ၊ဇက်ကြောတက်ခြင်း၊အသံဝင်အသံပျက်ရောဂါ၊ဆီးအိမ်နဲ့ပတ်သက်တဲ့ရောရဂါတွေကိုကုသရာမှာ အလွန် အသုံးဝင်ပါတယ်၊ မကြာခဏ ကန်စွန်းရွက်ကို စားသုံးပေးခြင်းဖြင့် ကျန်းမာ ရေးကိုများစွာ အထောက်အကူဖြစ်စေနိုင် ပြီး ခွန်အားတိုးခြင်း၊ ခံနိုင်ရည်ရှိခြင်းစတဲ့ ကောင်းကျိုးများကို ရရှိစေနိုင်မှာဖြစ်ပါတယ်………………………………………

   Webradio