• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မေမေ့ခြေရာ နင်းမယ့် သမီးလေး ရတနာမိုင်

(GMT+08:00) 2011-08-25 14:13:09

                                          

                                                         အဆိုတော် ရတနာမိုင်

မေမေ့ကိုအားကျခဲ့သလို ငယ်ကတည်းက ဂီတ၀ါသနာပါတယ်။ အခုလတ်တလောလှုပ်ရှားမှုက ဒုတိယစီိးရီးအ တွက်လုပ်နေပါတယ်။ အိုင်းရင်းခရောစ် တီးဝိုင်းနဲ့ လုပ်နေတာပါ။

                                    

                                                     မေမေ မိုင်နှင့် သမီး မိုင်လေး

ဒီဇင်ဘာ၊ ဇန္န၀ါရီလောက်မှာ ဒုတိယစီးရီးထွက်ဖို့ရှိပါတယ်။ အဆိုကတော့ အတွဲရယ် တစ်ဦးတည်းရယ်တို့ မခွဲထားပါဘူး။ တစ်ဦးတည်းဆိုတာကတော့ပိုပြီး  တာဝန်ကြီးသလို စိတ်လည်း ပင်ပန်းရပါတယ်။ အတွဲ သီချင်း တွေကိုတော့အများကြီးဆိုဖြစ်ပါတယ်။ ဒါလည်းပဲ တာဝန်ကြီးပါတယ်။ မေမေနဲ့ စီးတီ FM (၆)ကြိမ်မှာဆိုထားတဲ့ သီချင်း လေးက ကိုယ့်တိုင်ရေးပြီး ဆိုထားတာပါ။ မိုင်လေးရဲ့ ကိုယ့်တွေ့အဖြစ်အပျက်လေးပါပဲ၊ ခါတိုင်းမှာဆိုရင် စီတီး FM   မှာဆိုဖြစ်ကြတာတွေက မိဘသီချင်းကိုပဲ သားသမီးက ဆိုဖြစ်ကြတာပါ။ အခု ရတနာမိုင်လေးကတော့ သူ့သီချင်း လေးကို မေမေနဲ့ဆိုဖြစ် သွားတာမို့ တစ်မျိုးလေး ဆန်းပြားနေပါတယ်။ သီချင်းစဆိုဆိုခြင်းတုန်းက၊ လူတွေမသိခင်အချိန် တုန်းကတော့ မေမေရဲ့သီချင်းလေးတွေနဲ့ပဲ စင်ပေါ်တက်ခဲ့တာပါ။

              

မေမေ့လိုပဲ အနုပညာမှာမှတ်တိုင်တစ်တိုင်ဆိုက်ထူချင်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပြီး တက်လာမယ် ကိုယ့်နေရာလေးမှာပဲ ဖြေးဖြေးမှန်မှန်လေးသွားပြီး အောင်မြင်မှုတစ်ခုပြီးတစ်ခုယူချင် ပါတယ်။ ၀ုန်းကနဲ တက်ပြီး ပြန်ကျသွားတာမျိုးမဖြစ်ချင်ပါဘူး။ ဘယ်နေရာမှာပဲသီချင်းဆိုဆိုပျော်နေ တာပါပဲ။ ဒါပေမဲ့ စတိတ်ရှိုးမှာ ဆိုရတာတော့ ပိုကြိုက်မိပါတယ်။ သရုပ်ဆောင်လောကထဲကိုလည်း ခြေလှမ်းစနေပါပြီ။ ကိုယ့်တိုင်လည်း သီချင်းတွေရေးဖြစ်ပါတယ်။ အတီးမှာတော့ စန္ဒရားကို စိတ်ဝင်စားပါတယ်။ သင်လည်းသင်ူနေပါတယ်။ B.sc(Chemisty)နဲ့ ဘွဲ့ရခဲ့ပါတယ်။ အရည်အချင်းရှိ တဲ့သူဆိုရင်  လူတိုင်းက အထင်ကြီးပါတယ်။ ဘယ်သူ့မဆို အထင်သေးတာကို မခံချင်ပါဘူး။ ပညာဆိုတာ အမြဲတမ်းလိုနေတာပါ။ ဂီတကိုအမြဲတမ်း လေ့လာနေပါတယ်။ ခုခေတ်ဖက်ရှင် လောက် ကလည်း ခေတ်မီတိုးတက်လာနေပါပြီ၊ ငယ်ငယ်တုန်းကတော့ မင်းသား မင်းသမီးတွေရဲ့ ဖက်ရှင် လောက်ပဲ သိနိုင်တာပေါ့၊ အခု IT ခေတ်ဆိုတော့ internet  ကတိုက်ရိုက်ကြည့်နိုင်ပြီး စိတ်ဝင်စားသူ တွေဆိုရင်လည်း  ထွင်ပြီးလုပ်နိုင်၊၀တ်နိုင်နေပါပြီ။

                               

မေမေမိုင်ရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူပါတယ်။ ရတနာမိုင်ရဲ့ … မျှော်လင်ချက်ပန်းတိုင်က အဆို၊သရုပ်ဆောင်စတဲ့ အနုပညာအရည်အချင်းတွေပြည့်ဝနေတဲ့ အနုပညာရှငကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေပါတယ်။ CRI ကိုနားထောင်နေတဲ့ သူများအားလုံးနဲ့ CRI ကိုချစ်တဲ့သူများအားလုံး ကိုယ့်စိတ်နှစ်ဖြာကျန်းမာပါစေ။ ချမ်းသာပါစေ၊ မိုင်လေးရဲ့ပထမခွေထွက်ပြီးပေမဲ့  နားမထောင်ရဖြစ် သေးတဲ့ ပရိတ်သတ်တွေရှိခဲ့ရင်လည်း မိုင်လေးကို အားပေးကြပါဦး….ရှင်၊ မိုင်လေးရဲ့ပြည်ပခရီး အတွေ့အကြုံ တွေကတော့ စကာင်္ပူ၊ မလေးရှား၊ ဂျပန်တို့… နိုင်ငံတွေကိုသွားရောက်ဖျော်ဖြေပြီးပါပြီ၊ ဂျပန်သွားတုန်းက ကမ္ဘာကျော်ငလျင်နဲ့ ကိုယ်တိုင်ကြုံခဲ့ရပါသေးတယ်။ မမေ့နိုင်စရာဖြစ်သလို၊ သည်းထိတ်ရင်ဖို အဖြစ်အပျက်လေးတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ပွဲတော့ မပျက်ပါဘူး၊ စတိတ်ရှိုး ဆိုတော့ပရိတ်တွေဆီက ဆုရလို့ပျော်ပါတယ်။သမီးရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ငယ်ကတည်းက အနုပညာက်ု တန်းဖိုးထားချစ်မြတ်နိုး ရမယ်၊ အနုပညာမျိုးရိုး အနုပညာကိုခုတုံးလုပ်ပြီး မရိုးသားမှုတွေ မလုပ်စေချင်ဘူး၊ အနုပညာကိုရေစုန်မျောပြီး မလုပ်စေချင်လို့  မေမေမိုင်က အမြဲတမ်းဆုံးမသွန်သင် နေပါတယ်။ 

                                        

                                                 ရတနာမိုင်နှင့် မင်းသားနေတိုး

 

   Webradio