• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှ နှစ်သစ်ကူး သင်္ကြန် ပွဲတော်အတွက် ဆုမွန်ကောင်းတောင်း စကားပြောကြား

(GMT+08:00) 2017-04-11 19:25:16

    မင်္ဂလာပါ။ ဒီနေ့ဟာ ဧပြီလ ၁၀ ရက်နေ့ဖြစ်ပါတယ်။ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ရောက်ပါတော့မယ်။ ဒါ့ကြောင့် ကျွန်တော်ဒီနေရာကနေ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ပြည်သူများအားလုံး၊ နယ်ပယ်အသီးသီးမှ မိတ်ဆွေများအားလုံးကို နှစ်သစ်ကူး နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံး သင်္ကြန်ပွဲတော်မှာ ပျော်ရွှင်ကြပါစေ။ ကျွန်တော် အခု ရောက်ရှိနေတာကတော့ ပေကျင်းမြို့ရှိ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာပဲဖြစ်ပါတယ်။ ကျွန်တော်နဲ့လုပ်ဖော်ကိုင်ဖက်တို့ဟာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသမ္မတကြီး အဆွေတော်ဦးထင်ကျော်ကို ဒီမှာ ကြိုဆိုနေတာဖြစ်ပါတယ်။ အဆွေတော်သမ္မတကြီး အခုအကြိမ် တရုတ်နိုင်ငံကို လာရောက်လည်ပတ်တဲ့အချိန်ဟာ မြန်မာ့ သင်္ကြန်ပွဲတော်မတိုင်မီ အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့နှစ်နိုင်ငံပြည်သူများအတွက် မင်္ဂလာနှစ်ရပ် ရောက်ရှိလာခြင်းလို့ ဆိုနိုင်ပါတယ်။ အဆွေတော်သမ္မတကြီး အခုအကြိမ် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခြင်းက ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အကျိုးဖြစ်ထွန်းစေပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွား ဆောင်ကြဉ်းလာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နိဂုံးချုပ်အနေနဲ့ တီဗွီဖန်သားပြင်ရှေ့က နယ်ပယ်အသီးသီးမှ မိတ်ဆွေများကို နှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သင်္ကြန်ပွဲတော်မှာ ပျော်ရွှင်ပါစေ။ ကျေးဇူးတင်ပါတယ်။

   Webradio