![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
စပျစ်သီးပြတိုက် ယူမေးနီးယားနိုင်ငံ ပီတာရှီတီမြို့မှာ စပျစ်သီးပြတိုက် တစ်ခု ရှိပါတယ်။ ပြတိုက်ထဲမှာ စပျစ်သီး အမျိုးအစားပေါင်း သုံးလေးဆယ်လောက် စိုက်ပျိုး ပြသ ထားတဲ့အပြင် စပျစ်သီး ဆွတ်ခူး အချောကိုင် ကိရိယာအမျိုးမျိုးကိုလည်း ခင်းကျင်း ပြသ ထားပါတယ်။
ငရုတ်သီးပြတိုက် ဟန်ဂေရီနိုင်ငံ ရ်ဂျယ်လစ်မြို့မှာ ငရုတ်သီးပြတိုက် တစ်ခု ရှိပါတယ်။ ပြတိုက်ထဲက ငရုတ်သီးဟာ အမေရိကန်တိုက်ကနေ ဥရောပ၊ အာရှသို့ ဝင်ရောက် စိုက်ပျိုးခဲ့တဲ့သမိုင်းအကြောင်းကို ပြသထားတဲ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အနီ၊ အစိမ်း၊ အဝါရောင် ငရုတ်သီးနဲ့ ငရုတ်သီးအချို အမျိုးမျိုးတို့ကိုလည်း ခင်းကျင်ပြသထားပါတယ်။
အရက်ပြတိုက် ကမ္ဘာပေါ်မှာ အရက် အမျိုးအစား ထောင်ပေါင်းများစွာ ရှိပြီး အများစုကိုတော့ ပိုလန်နိုင်ငံရဲ့ အရက်ပြတိုကထဲမှာ တွေ့ရှိနိုင်ပါတယ်။ အရက်အပြင် ပြတိုက်ထဲမှာ အထည်ပစ္စည်းအမျိုးမျိုးနဲ့ ထုတ်လုပ်တဲ့ အရက်ခွက်နဲ့ ရှေးခေတ်က အရက်ထည်းခွက်တွေကိုလည်း ခင်းကျင်းပြသထားပါတယ်။
အီတလီကြာဆံပြတိုက် အီတလီနိုင်ငံ မွန်တာဒါစီရွေမြို့မှာ တည်ရှိတဲ့ အီတလီကြာဆံပြတိုက်ဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော အီတလီကြာဆံပြတိုက် ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ ပုံစံနဲ့ အရသာ ကွဲပြားတဲ့ အီတလီ ကြာဆံ အမျိုးအစားပေါင်း တစ်သောင်းကျော်ကို ခင်းကျင်းပြသထားပါတယ်။