ဂျင်ဇင်းပြတိုက် ရုရှားနိုင်ငံ ဗီလာဂိုနာဒို့ဗ်ရွာမှာ ဂျင်ဇင်းပြတိုက် တစ်ခု ရှိပါတယ်။ ပြတိုက်ထဲမှာ ဂျင်ဇင်း အမျိုးအစားပေါင်း ၃၀၀၀-ကျော်ကို ခင်းကျင်းပြသထားပြီးတော့ အဲ ဒီထဲမှာ ၇၁၀ ဂရမ် ရှိတဲ့ ဧရာမ ဂျင်ဇင်း တစ်ချောင်းကိုလည်း တွေ့မြင်နိုင်ပါတယ်။
အာလူးပြတိုက် ဘယ်ရ်ဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့မှာ အာလူးပြတိုက် တစ်ခု ရှိပါတယ်။ ပြတိုက်ထဲမှာ အာလူးရဲ့ ဆင့်ကဲပြောင်းလဲတိုးတက်ရေး သမိုင်းဖြစ်စဉ်နဲ့ မျိုးပင် ပျိုးထောင် ပြုစုရေးနည်းပညာတွေကို ခင်းကျင်းပြသထားပါတယ်။
နာနတ်သီပြတိုက် သြစတြေးလျ နိုင်ငံမှာ နာနတ်သီးပြတိုက် တစ်ခု ရှိပါတယ်။ ပြတိုက်ထဲမှာ ထူးထူးဆန်းဆန်း နာနတ်သီး ဆယ်မျိုးကျော်ကို စိုက်ပျိုးထားတဲ့အပြင်၊ နာနတ်ပင်ရဲ့အရွက်ကန်ေအထည်အဖြစ် တိုက်ရိုက် ရက်လုပ်နိုင်တဲ့ စက်အမျိုးမျိုးကိုလည်း ခင်းကျင်းပြသထားပါတယ်။
သစ်ကြားသီးပြတိုက် အမေရိကန်နိုင်ငံ သစ်ကြားသီးပြတိုက် တစ်ခု ရှိပါတယ်။ ပြတိုက်ထဲမှာ ခင်းကျင်းပြသထားတဲ့ သစ်ကြားသီးတစ်လုံးဟာ ၁၅ ကီလိုဂရမ် ရှိပြီး အုန်းသီး နှစ်လုံးထက်တောင် လေးပါတယ်။