|
||||||||
|
|||||||||||||
နှစ်ဟောင်းကိုကျော် နှစ်သစ်မျှော်
2019 ရောက်ပြန်ပေါ့။
ဝက်နှစ်ဆိုတဲ့ သည်ချိန်ခါ
နွေဦးကာလ သာသာယာယာ။
နှစ်သစ်ကူးဝယ် ပျော်ရွှင်ဖွယ်
ဆွေမျိုးစုံစွာ တွေ့ကြမယ်။
မိဘဘိုးဘွား အလေးထား
ရိုသေသမှုပြုကြမယ်။
နှစ်သစ်ကူးဝယ် ဆုတောင်းစို့
"ရှင်းညန်ခွိုက်လို့" ပြိုင်ဆိုစို့။
တရုတ်နဂါးတိုးလို့ပွား
စီးပွားလာဘ်လာတိုးစေကွယ်။
နှစ်သစ်ကူး နွေဦးပွဲ
တစ်တိုင်းပြည်လုံး ဆင်ယင်နွှဲ
ပျော်ပျော်ရွှင်ရွှင် ခြိမ့်ခြိမ့်သဲ။
** (ရှင်းညန်ခွိုက်လို့- နှစ်သစ်မှာပျော်ရွှင်ပါစေ)
စုသက်မှူး (မရမ်းကုန်း)
|