![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
အာဖရိကတွင် အစောဆုံး လည်ပတ် ခုတ်မောင်းသည့် "တရုတ်ပုံစံ" ခေတ်မီ စံချိန်စံနှုန်း ဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ အာဘူဂျာ- ကာဒူနာ ရထားလမ်းသည် ယခုလ ၁၂ ရက်နေ့အထိ ဘေးအန္တရာယ် ကင်းရှင်းစွာ ခုတ်မောင်း ခဲ့ခြင်းမှာ ရက် ၉၀၀ ပြည့်ပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
ယင်းရထားလမ်းမှာ ၁၈၆့ ၅ ကီလိုမီတာ ရှည်လျားပြီး တရုတ် ရထား ဆောက်လုပ်ရေး တူမူ ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး လည်ပတ် ခုတ်မောင်းမှုဆိုင်ရာ နည်းပညာကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း၊ တရုတ် ငွေရင်းမြှုပ်နှံခြင်း၊ တရုတ် ဒီဇိုင်း ရေးဆွဲခြင်း၊ တရုတ် ဆောက်လုပ်ခြင်း၊ တရုတ် စက်ကိရိယာများနှင့် တရုတ် လည်ပတ် ခုတ်မောင်းမှုနည်းပညာများကို အသုံးပြုနေကြောင်း သိရပါသည်။ (ကျော့)