![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
ရန်ကုန်မြို့ရှိ သန်လျင် တံတားကြီး ဆောက်လုပ်ပြီးစီးခဲ့တာ ၂၅ နှစ် ပြည့်မြောက် ပါပြီ။ တံတား နေရာမှာ ကျောက်တိုင် တစ်ခု ရှိပြီး ကျောက်တိုင်ပေါ်မှာ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ အင်ဂျင်နီယာများ ပူးတွဲ ဆောင်လုပ်သည်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး၏ အမှတ်လက္ခဏာ ဖြစ်သည် ဆိုတာကို ရေးသားထားပါတယ်။ ဒီလ ၇ ရက်နေ့က အဲဒီတုန်းက တံတား ဆောက်လုပ်ရေးမှာ ပါဝင်ဖူးတဲ့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံက အင်ဂျင်နီယာ ကိုယ်စားလှယ် ၂၀ ကျော်တို့ဟာ သံလျင်တံတားကြီးမှာ ပြန်လည် ဆုံတွေ့ ခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က၊ သန်လျင်တံတားကြီးကို အဲဒီအခါက တရုတ် မီးရထား ဝန်ကြီးဌာန လက်အောက်ခံ တံတား ဆောက်လုပ်ရေး ဦးစီးဌာနက ဒီဇိုင်း ရေးဆွဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၃ ခုနှစ်က ဆောက်လုပ် ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း၊ အဲဒါဟာ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ထောက်ပံ့ကူညီ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်မှာ အကြီးဆုံးလုပ်ငန်းစဉ် ဖြစ်ပြီး မြန်မာပြည်တွင်း အကြီးစား တံတား ဆောက်လုပ်ရေးဆိုင်ရာ ကွက်လပ်ကို ဖြည့်စွက်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံမှ အင်ဂျင်နီယာတို့ဟာ တစ်မိသားစုလိုပဲ အတူစား အတူနေပြီး တံတားကြီး တည်ဆောက်ရေးအတွက် လက်တွဲ ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးကို ပေါ်လွင်လာစေကြောင်း ပြောကြားပါတယ်။
ဒီနှစ် အသက် ၈၇ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဦးသန်းဇင်ဟာ သန်လျင်တံတား ဆောက်လုပ်ရေးဆိုင်ရာ မြန်မာပြည်ဘက်ရဲ့ ဒါရိုက်တာချုပ် တာဝန် ထမ်းဆောင်သူ ဖြစ်တယ်။ သန်လျင်တံတားပေါ်မှာ တရုတ်ပြည်ဘက်က မိတ်ဆွေဟောင်းများနဲ့ ပြန်လည် တွေ့ဆုံတဲ့အခါ ဦးသန်းဇင်ဟာ အင်မတန် စိတ်လှုပ်ရှားပြီး ဝမ်းသာအာရ ဖြစ်နေပါတယ်။ ဦးသန်းဇင်က၊ ကျွန်တော်တို့ရဲ့ သံယောဇဉ်ဟာ ချစ်ကြည်ရေးထက်တောင် ပို လေးနက်ပါတယ်။ အဲဒါဟာ တူညီတဲ့ ဆန္ဒ၊ ရည်မှန်းချက်အတွက် လက်တွဲ ကြိုးပမ်းကြတဲ့ ရဲဘော် မေတ္တာ တစ်မျိုး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (ကျော့)