![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ချိန်းထားသည့်အတိုင်း ယခုလ ၂၉ ရက်နေ့က အမေရိကန်သမ္မတ ထရန့်နှင့် တယ်လီးဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု ဆင်ဟွာ သတင်း အရသိရသည်။
ထိုသို့ဖုန်းဆက်ခဲ့ရာ၌၊ ထရန့်က ရှီကျင့်ဖိန်နှင့် တရုတ်ပြည်သူများအား နှစ်သစ် နှုတ်ခွန်းဆက်စကားနှင့် နှစ်သစ်ဆုမွန်ကောင်း တောင်းကြောင်း ဖော်ပြသကဲ့သို့၊ ရှီကျင့်ဖိန် ကလည်း၊ ထရန့်နှင့် အမေရိကန်ပြည်သူများအား နှစ်သစ် နှုတ်ခွန်းဆက်စကားနှင့် နှစ်သစ်ဆုမွန်ကောင်း တောင်းကြောင်းကို ဖော်ပြခဲ့သည်။
ဆက်လက်၍ ရှီကျင့်ဖိန်က လာမည့်နှစ်သည်၊ တရုတ်-အမေရိကန် သံအဆက် အသွယ်ထားရှိခဲ့သည့် နှစ် ၄၀ပြည့်ဖြစ်ပြီး၊ တရုတ်ပြည်အနေနှင့်၊ တရုတ်-အမေရိကန် ဆက်ဆံမှုဖွံ့ဖြိုးရေးအပေါ် အလွန်အရေးထားကြောင်း အလေးထားပြောကြားခဲ့သည်။