• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Wednesday  Apr 2th   2025   

ရှီကျင့်ဖိန်သည် ပေါ်တူဂီ လွှတ်တော် ဥက္ကဋ္ဌ ရိုဒ်ရီဂါစ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-12-06 12:45:06

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် ဒီဇင်ဘာလ ၅ရက်နေ့က လစ္စဘွန်းမြို့တွင် ပေါ်တူဂီနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ရိုဒ်ရီဂါစ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဖက်တို့သည် နိုင်ငံစုံလွှတ်တော်သမဂ္ဂစသော ဘက်စုံအဖွဲ့အစည်းများတွင် ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး အကျိုးတူစီးပွားကို ထိန်းသိမ်း စောင့်ရှောက်ကာ ကမ္ဘာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှုနှင့် စည်ပင်သာယာရေးကို ကာကွယ်ရန် အခန်းကဏ္ဍစုံမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုများကို ချီးကျူးကြောင်း၊ နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှုဖြင့် ပိုမို များပြားသော ပူးပေါင်းဆောင်ရွက်ရေး အောင်ကျိုးရလဒ် ရရှိနိုင်ပြီး၊ စီးပွားကုန်သွယ်ရေး၊ လူမှုယဉ်ကျေးမှု စသောနယ်ပယ်များ၌ နှစ်ဖက်ကူးလူးဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးချဲ့ပြုလုပ်ရန် မျှော်လင့်ကြောင်း ရိုဒ်ရီဂါစ်က ပြောကြားခဲ့သည်။

   Webradio