• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် ထိပ်သီးခေါင်းဆောင် တွေ့ဆုံပွဲ ကျင်းပ

(GMT+08:00) 2018-11-21 11:28:48

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၀ရက်နေ့က မနီလာ၌ ဖိလစ်ပိုင် သမ္မတ ဒူတာတေနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

အပြန်အလှန်လေးစားမှု၊ ပွင့်လင်းသော သဘောထားဖြင့် ပေါင်းသင်းဆက်ဆံမှု၊ တန်းတူရည်တူ အပြန်အလှန် အကျိုးရှိစေရေး နှင့် ပူးပေါင်းဆောင်ရွက်ပြီး အကျိုးတူစီးပွာားရရှိရေးကို အခြေခံ၏ တရုတ်-ဖိလစ်ပိုင် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထူထောင်ရန် နှစ်ဖက်တို့က ဆုံးဖြတ်ကြကြောင်း၊ သတင်းရရှိပါသည်။

ထိုနေ့တွင်ပင် The Belt and Road ထူထောင်ရန် တရုတ်-ဖိလစ်ပိုင်တို့ အတူတကွ တွန်းအားပေးရေးဆိုင်ရာ နားလည်မှု စာချုပ်၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ တူးဖော်ရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချုပ် စသော နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု စာချုပ်များ ချုပ်ဆိုပွဲသို့ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

   Webradio