• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က ဘရူနိုင်း ဆာလဒန်ဘုရင်နှင့် တွေ့ဆုံ

(GMT+08:00) 2018-11-20 15:55:11

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၉ရက်နေ့က ဘန်ဒါဆရီဘီဂါဝမ်၌ ဘရူနိုင်း ဆာလဒန်ဘုရင် ဟာစန်နာလ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ဆင်ဟွာ သတင်းအရ သိရပါသည်။

နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က တရုတ်-ဘရူနိုင်း ဆက်ဆံရေး တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကို တန်ဖိုးထား ချီးကျူးကြောင်း၊ တရုတ်-ဘရူနိုင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ထူထောင်၍ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု၊ စီးပွားရေးဆိုင်ရာ အပြန်အလှန် အကျိုးရှိစေရေး၊ ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန် သိရှိနားလည်မှုနှင့် ဘက်ပေါင်းစုံ အပြန်အလှန် ကူညီပံ့ပိုးမှုရှိသော မိတ်ဆွေကောင်းဖြစ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ကြကြောင်း သတင်းရရှိပါသည်။

တွေ့ဆုံပွဲအပြီး နှစ်နိုင်ငံခေါင်းဆောင်တို့သည် The Belt and Road အတူတကွ ထူထောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း စသော နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်များ ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

နှစ်ဖက်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဘရူနိုင်း Darussalam နိုင်ငံ ပူးတွဲ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြပါသည်။

   Webradio