• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က ဘန်ဒါဆရီဘီဂါဝမ်သို့ ရောက်ရှိ

(GMT+08:00) 2018-11-19 13:45:49

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၈ရက်နေ့က ဘန်ဒါ ဆရီဘီဂါဝမ်သို့ ရောက်ရှိခဲ့ပြီး ဘရူနိုင်းနိုင်ငံတွင် တရားဝင်ခရီးစဉ်စတင်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် တရုတ်အစိုးရ နှင့် တရုတ်ပြည်သူများကိုယ်စား ဘရူနိုင်းအစိုးရ နှင့် ပြည်သူများအား စိတ်ရိုးစေတနာဖြင့် နှုတ်ခွန်းဆက်သပြီး ကောင်းမွန်စွာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ယခုအကြိမ်ခရီးစဉ်မှတဆင့် တရုတ်-ဘရူနိုင်း အစဉ်အလာ ချစ်ကြည်ရေးကို ဆက်ခံပြီး ဖြစ်ထွန်းပြန့်ပွားစေပြီး၊ ခေတ်သစ်တွင် နှစ်နိုင်ငံ ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အတူစီမံခန့်ခွဲချမှတ်နိုင်ကြကာ၊ တရုတ်-ဘရူနိုင်း အိမ်နီးချင်းကောင်း မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ တိုးမြှင့်၍ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှုများကို ဆောင်ကြဉ်းလာရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။

   Webradio