• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စည်ပင်သာယာရေးသို့ ပေါက်ရောက်သော တံတားကို တရုတ်နှင့် ကမ္ဘာကြီး နှစ်ခုစလုံး လိုအပ်

(GMT+08:00) 2018-11-08 09:29:30

အခုလောလောဆယ်မှာ တရုတ်နိုင်ငံဟာ နိုင်ငံတကာ မီဒီယာများရဲ့ အာရုံ စူးစိုက်ရာ ဖြစ်လာပါတယ်။ ဒီလ ၅ ရက်နေ့က ဖွင့်လှစ်တဲ့ ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားပြီး တရုတ်နိုင်ငံတကာ ဆောင်ရွက်မှု ငါးရပ် ပြုလုပ်၍ တံခါးဖွင့်ရေး လုပ်ငန်းကို တစ်ဆင့်တိုး တိုးချဲ့သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၆ ရက်နေ့မှာ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ စတဲ့ နိုင်ငံတကာ အဓိက စီးပွါးရေး ငွေရေးကြေးရေးဌာန ၆ ခုမှ တာဝန်ခံများနဲ့ ၁+၆ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ တရုတ် နိုင်ငံတကာ လေကြောင်းနဲ့ အာကာသ လုပ်ငန်း ကုန်စည်ပြပွဲ၊ ပဉ္စမ အကြိမ် နိုင်ငံတကာ အင်တာနက် အစည်းအဝေးကိုလည်း တရုတ်ပြည်မှာ ရှေ့ဆင့်နောက်ဆင့် ဖွင့်လှစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အတွင်း တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို လုပ်ဆောင်ကာ၊ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေဟာ ၂၅ ဆလောက် တိုးလာပါတယ်။ ဆင်းရဲသူ သန်း ၇၀၀ ကျော်တို့သည် ဆင်းရဲမှု ပပျောက်ပြီး အဲဒါဟာ တစ်ကမ္ဘာလုံး ဆင်းရဲမှု လျှော့ချသူ စုစုပေါင်း ဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် လာဂါဒေက၊ တရုတ်နိုင်ငံဟာ "စည်ပင်သာယာရေးသို့ ပေါက်ရောက်သော တံတားကြီး"ကို ဆောက်လုပ်နေတယ်လို့ ပြောခဲ့ဖူးတယ်။ ဒီနှစ် ပထမ ၉ လအတွင်း၊ တရုတ်ပြည်ရဲ့ ဂျီဒီပီ တစ်ခုလုံး အပေါ် စားသုံးမှုရဲ့ အကျိုးပြုနှုန်းဟာ ၇၈ ရာခိုင်နှုန်း အထိ တိုးလာပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်ကျော်တုန်းက ၅၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ အဲဒီ "စည်ပင်သာယာရေးသို့ ပေါက်ရောက်သော တံတားကြီး"ဟာ တရုတ်လူမျိုးရဲ့ လိုအပ်ချက်သာ မကဘဲ ကမ္ဘာကြီးရဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံတကာ အကျိုးတူ တံခါးဖွင့်ရေး လုပ်ငန်းကို တွန်းအားပေးသူ၊ ကမ္ဘာ့စီးပွါးရေး တိုးတက်ရေးဆိုင်ရာ တွန်းအား၊ နိုင်ငံအသီးသီးတို့ စီးပွါးကုန်သွယ်ရေး အခွင့်အလမ်းကို ရှာကြံ တိုးချဲ့ရေးဆိုင်ရာ ရှင်သန်သော ဈေးကွက်ကြီးနဲ့ နိုင်ငံတကာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အပြုသဘောဆောင်သော အကျိုးပြု စွမ်းဆောင်သူ အစဉ်တစိုက် ဖြစ်သွားမှာ ဖြစ်ပါတယ်။

   Webradio