• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ဇနီးတို့သည် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ တက်ရောက်လာသော ဧည့်သည်တော်များအား ကြိုဆို

(GMT+08:00) 2018-11-05 09:27:06

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ယခုလ ၄ ရက်နေ့ညက ညစာစားပွဲကို ပြုလုပ်ပြီး ပထမ အကြိမ် တရုတ် နိုင်ငံတကာ ကုန်စည်ပြပွဲသို့ တက်ရောက်လာသော နိုင်ငံအသီးသီးမှ ဧည့်သည်တော်များအား ကြိုဆို နှုတ်ဆက် ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ညစာစားပွဲတွင် ရှီကျင့်ဖိန်က၊ ကုန်စည်ပြပွဲ ကျင်းပခြင်းသည် တရုတ်နိုင်ငံက အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးကို တွန်းအားပေးရေးဆိုင်ရာ အရေးကြီး ဆုံးဖြတ်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံက ကမ္ဘာကြီးအား ဈေးကွက် ဖွင့်လှစ်ပေးသော ဆောင်ရွက်မှုကြီး တစ်ရပ် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio