![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ အရေးကြီးအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံသည် ယခုအကြိမ်ပြပွဲသို့ တက်ရောက်ရန် ကုမ္ပဏီများကို တက်ကြွစွာ စည်းရုံးခဲ့ပါသည်။ မြန်မာကုမ္ပဏီများကိုယ်စားလှယ်အဖွဲ့နှင့်အတူ ယခုအကြိမ်သွင်းကုန်ပြပွဲ သို့ တက်ရောက်မည့် နန်နင်းမြို့ဆိုင်ရာ မြန်မာကုန်သွယ်မှုဆက်သွယ်ရေးရုံးမှ ကုန်သွယ်ရေးသံမှူး၊ မြန်မာနိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအဖွဲ့မှ ဒေါက်တာသက်လွင်ဦးက စီအာအိုင်သတင်းထောက်နှင့်တွေ့ဆုံရာတွင် သွင်းကုန်ပြပွဲဖြင့် တရုတ်-မြန်မာစီးပွားရေးနှင့် အခြားနယ်ပယ်မှ ချစ်ကြည်ရေးကို အဆက်မပြတ်တိုးတက်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဒေါက်တာသက်လွင်ဦးက မြန်မာနိုင်ငံသည် ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် စတုရန်းမီတာ ၁၀၀ ခန့်ကျယ်ဝန်းသော ပြခန်းကို ထားရှိပြီး ပြခန်းနေရာ ၂၆ခု ရှိကြောင်း၊ ၄င်းအနက် ကျောက်မျက်ရတနာပြခန်းနေရာ ၁၅ ခုရှိပြီး လယ်ယာထွက်ကုန်၊ အစားအစာနှင့် ခရီးသွားဆိုင်ရာ ပြခန်းနေရာ ၁၁ ခု ရှိကြောင်း ပြောကြား သည်။