• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Saturday  Apr 5th   2025   

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ဥရောပနိုင်ငံများတက်တက်ကြွကြွပါဝင်ရန် မျှော်လင့် ကြောင်း ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်အဖွဲ့ခေါင်းဆောင် ဆို

(GMT+08:00) 2018-10-15 09:55:01

     ၁၂ ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးများအစည်းအဝေးကျင်းပမည့်အတောအတွင်း ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး ကျန်းမင်က ဥရောပ သမဂ္ဂ မီဒီယာ Euractive ၏ အင်တာဗျူးကို လက်ခံခဲ့ရာ၌၊ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ကျင်းပခြင်းသည်၊ ကမ္ဘာ့အား တရုတ်ပြည်ဈေးကွက်ဖွင့်လှစ်သည့် အရေးကြီး လုပ်ဆောင် ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ဆက်လက်၍ ကျန်းမင်က ယင်းပြပွဲတွင် ဥရောပနိုင်ငံများတက်တက်ကြွကြွပါဝင်ကြ ရန် မျှော်လင့်ပါကြောင်း၊ တရုတ်ပြည်အနေနှင့်၊ နိုင်ငံအသီးသီးတို့နှင့်အတူကြိုးပမ်းပြီး၊ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို နိုင်ငံအသီးသီးက ဖွံ့ဖြိုးမှုအောင်ကျိုးရလဒ်များပြသပြီး၊ နိုင်ငံတကာ ကုန်သွယ်မှုဆောင်ရွက်သည့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း တစ်ခုအဖြစ် တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio