• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား လူပါအာကာသယာဉ် လွှတ်တင်ခြင်း မအောင်မြင်၊ အာကာသယာဉ်မှူး ဘေးလွတ် အသက်ရှင်

(GMT+08:00) 2018-10-12 10:15:16

ရုရှားနှင့် အမေရိကန် အာကာသယာဉ်မှူး နှစ်ဦးကို တင်ဆောင်ထားသော ရုရှား အာကာသယာဉ် တစ်စင်းကို ယခုလ ၁၁ ရက်နေ့တွင် လွှတ်တင်ရာ မအောင်မြင်သဖြင့် အာကာသယဉ်မှူး နှစ်ဦး အရေးပေါ် ဆင်းသက်ပြီး ဘေးလွတ် အသက်ရှင်နိုင်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရုရှား အာကာသ ကုမ္ပဏီအုပ်စုမှ သတင်းအရ၊ ယခုလ ၁၁ ရက်နေ့ မော်စကို ဒေသ စံတော်ချိန် ၁၁ နာရီ မိနစ် ၄၀ တွင်၊ လူပါ အာကာသယာဉ် တစ်စင်းကို ကာဇက်စတန် နိုင်ငံ ဘိုင်ကိုမူရ်၌ လွှတ်တင်ပြီးနောက် ၁၁၉ စက္ကန့်တွင် ဒုတိယအဆင့် ဒုံးပျံ၏ အင်ဂျင် ရုတ်တရက် ချို့ယွင်းမှု ဖြစ်ပွါးခဲ့ကြောင်း၊ ထို့နောက် အာကာသယာဉ်မှူး နှစ်ဦးသည် ဒုံးပျံအား အရေးပေါ် စွန့်ခွါပြီး မြေပြင်သို့ ဆင်းသက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio