ယခုလ၂၅ရက်နေ့က နာမည်ကျော်သရုပ်ဆောင်အနုပညာရှင်၊ ဝူခုန်းကားတွင် မျောက်မင်းအဖြစ် သရုပ်ဆောင်သော ကျန်းကျင်းလိုင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ《ဇော်ဂျီ》ပထမဦးဆုံးတစ်အုပ်အား ဗီယက်နမ်ဘာသာစကားဖြင့် ဘာသာပြန် ခွင့်ပြုသော စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို တရုတ်ပီကင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ ဗီယက်နမ်သည် 《ဇော်ဂျီ》ကိုဘာသာပြန်သော ပထမဦးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊《ဇော်ဂျီ》က တရုတ်-ဗီယက်နမ် ပြည်သူများအကြားချစ်ကြည်ရေး ပေါင်းကူးတံတားဖြစ်လာနိုင်ရန် မျှော်လင့်ကြောင်း ကျန်းကျင်းလိုင်ကပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။