ဂျာမဏီဝန်ကြီးချုပ် မော်ကယ်က အာဖရိက ၃ နိုင်ငံသို့ ခရီးလှည့်လည်မည့် အတောအတွင်း မိမိသည် သက်ဆိုင်ရာနိုင်ငံမှခေါင်းဆောင်များနှင့် အာဖရိကစီးပွါးရေး ဖွံ့ဖြိုးမှု တိုးမြှင့်ရန် စီးပွါးရေးပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများ၊ တရားမဝင်ရွှေ့ပြောင်းနေ ထိုင်မှုများတိုက်ဖျက်ရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေမည်ဖြစ်ကြောင်း ယခုလ ၂၆ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
ယခုလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ မော်ကယ်သည် ဆီနီဂေါ၊ ဂါနာနှင့် နိုင်ဂျီးရီးယား ၃ နိုင်ငံသို့ခရီးလှည့်လည်မည်ဖြစ်ကြောင်း သိရပါသည်။