• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အဘူဒါဘီသို့ ရောက်ရှိ

(GMT+08:00) 2018-07-20 11:57:28

ဇူလိုင်လ ၁၉ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် အဘူဒါဘီမြို့သို့ ရောက်ရှိပြီး အာရပ်စော်ဘွားများနိုင်ငံတွင် တရားဝင်ခရီးကို စတင်ခဲ့ ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အာရပ်စော်ဘွားများနိုင်ငံ ဒုတိယ သမ္မတနှင့်ဝန်ကြီးချုပ် မူဟာမက် နှင့် အဘူဒါဘီ အိမ်ရှေ့ မင်းသား မူဟာမက်တို့သည် လေဆိပ်တွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား ကြိုဆိုခဲ့ကြပါသည်။ ၎င်းတို့နှင့် တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိမိအနေနှင့် အာရပ်စော်ဘွားများနိုင်ငံ ခေါင်းဆောင်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ရန် မျှော်လင့်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် ယခု အကြိမ်ခရီးတွင် အောင်မြင်မှုများရရှိပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးကို တိုးမြှင့်နိုင်ရန် ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio