တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၁၀ရက်နေ့က ချင်းတောင်တွင် မီဒီယာများနှင့် တွေ့ဆုံရာ၌ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(SCO) ချင်းတောင် ထိပ်သီး အစည်းအဝေးတွင် ရရှိသော အောင်မြင်မှုများကို မိတ်ဆက်ပေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
ယခုအကြိမ် ထိပ်သီး အစည်းအဝေး၏ ထူးခြားချက်နှင့် အနက်အဓိပ္ပါယ်နှင့် ပတ်သက်၍ ဝမ်ယိက လွန်ခဲ့သည့် SCO ထိပ်သီး အစည်းအဝေးများနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုအကြိမ် ချင်းတောင် ထိပ်သီး အစည်းအဝေးသည် အတိုင်းအတာ အကြီးမားဆုံး၊ အဆင့်အမြင့်ဆုံးနှင့် ရရှိသော အောင်မြင်မှု အများဆုံး ဖြစ်ပြီး ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၏ စံချိန်သစ်များ တင်ခဲ့ကြောင်း ပြောကြားသည်။
ယခုအကြိမ် အစည်းအဝေးတွင် ရရှိသော အောင်မြင်မှုများနှင့် ပတ်သက်၍ ဝမ်ယိက ချုံပြီး ပြောလျှင် အောင်မြင်မှု ၅ရပ်ရရှိခဲ့ကြောင်း၊ ၄င်းအောင်မြင်မှုများတွင် SCO၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းသစ် ချမှတ်ခြင်း၊ လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်ချက်သစ်များကို ထုတ်ပြန်ခြင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် တွန်းအားပေးမှုသစ် ဖော်ဆောင်ပေးခြင်း၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် အောင်မြင်မှုသစ် ရရှိခြင်းနှင့် သံတမန်ရေး ကူးလူးဆက်ဆံမှုတွင် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ခြင်း ပါဝင်ကြောင်း ပြောကြားသည်။