တရုတ် နိုင်ငံတော် ပညာမူပိုင်ခွင့် မဟာဗျူဟာ လုပ်ငန်းစဉ် ဖေါ်ဆောင်ခဲ့သည့် ၁၀ နှစ်ပြည့် ဆွေးနွေးပွဲ ကျင်းပ
(GMT+08:00) 2018-06-06 10:09:26
တရုတ် နိုင်ငံတော် ပညာမူပိုင်ခွင့် မဟာဗျူဟာ လုပ်ငန်းစဉ် ဖေါ်ဆောင်ခဲ့သည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကို ယခုလ ၅ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။
လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်ပြည်၏ ပညာမူပိုင်ခွင့် ဆန်းသစ်မှု အရည်အချင်းမှာ ဆက်တိုက် တိုးမြင့်လာပြီး တရုတ်နိုင်ငံသည် ပညာ မူပိုင်ခွင့် ဆန်းသစ် နိုင်ငံကြီး ဖြစ်လာပြီ ဖြစ်ပါသည်။ သက်ဆိုင်ရာ စာရင်းအရ၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်ပြည် လူဦးရေ ၁ သောင်းအနက် မူပိုင်ခွင့် တီထွင်မှု ပမာဏမှာ ၂၀၀၇ ခုနှစ်က ၀့၆ ခု ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၉့ ၈ ခုအထိ တိုးလာပြီ ဖြစ်ပြီး မူပိုင်ခွင့် အတည်ပြုမှု ပမာဏမှာ နှစ်စဉ် ပျမ်းမျှ ၂၁့ ၂၉ ရာခိုင်နှုန်းဖြင့် တိုးတက်လာပါသည်။ ပြည်မကြီးမှ ပူပိုင်ခွင့် ပိုင်ဆိုင်မှုပမာဏမှာ ၂၀၀၇ ခုနှစ်က ၉ သောင်း ၆ ထောင် ရှိရာမှနေ၍ ၂၀၁၇ ခုနှစ်က ၁၃ သိန်း ၅ သောင်း ၆ ထောင် အထိ တိုးလာပြီး အမေရိကန်နှင့် ဂျပန် ပြီးလျှင် ကမ္ဘာ့ တတိယနေရာတွင် တည်ရှိနေပါသည်။