• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ် ထိန်းသိမ်း ဖေါ်ဆောင်ရေးအတွက် ကြိုးပမ်းနေ

(GMT+08:00) 2018-05-24 09:19:02
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ်သည် အကျိုးသက်ရောက်မှု ရှိသည်ဟု လွန်ခဲ့သည့် ၃ နှစ်အတွင်း လက်တွေ့ဆောင်ရွက်မှုများက ပြသနေကြောင်း၊ တရုတ်နိုင်ငံသည် ပကတိကျပြီး တရားမျှတသည့်၊ တာဝန် ကျေပွန်စွာ ထမ်းဆောင်သော သဘောထားဖြင့် သက်ဆိုင်ရာဘက်အသီးသီးတို့နှင့် ဆက်လက် တိုင်ပင်ဆွေးနွေးကာ အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ် ထိန်းသိမ်း ဖေါ်ဆောင်ရေးအတွက် ကြိုးပမ်းမည် ဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio