• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဂျပန် အာဏာလက်မဲ့ပါတီ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-05-11 13:30:10

ဒေသစံတော်ချိန် မေလ ၁၀ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် တိုကျိုမြို့တွင် ဂျပန်အာဏာလက်မဲ့ပါတီ တာဝန်ခံဖြစ်သူများဖြစ်ကြသည့် ကော်စတီတျူရှင်နို ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ယိုကီအို အီဒါနို၊ ပြည်သူ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ယိုအီချီရို တာမာကီ၊ ဂျပန်ကွန်မြူနစ်ပါတီ ကော်မတီ ဥက္ကဋ္ဌ ကာဆူအို ရှီအီ၊ ဂျပန် ရေစတိုရေးရှင်ပါတီ ကိုယ်စားလှယ် တိုရေနိုစူကေ ကာတာယာမာ နှင့် လူမှုရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စေဂျီ မာတိုင်ချီ  တို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တွေ့ဆုံပွဲသို့တက်ရောက်လာကြသော ဂျပန်ပါတီများအနေနှင့် တရုတ်၊ ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးရန် တက်ကြွစွာ ကြိုးပမ်းအားထုတ်ဖို့ မျှော်လင့်ကြောင်း လီခေ့ချန်က ပြောကြားပါသည်။

   Webradio