• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော် အာရှ ဖိုရမ်တွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ ချီးကျူး

(GMT+08:00) 2018-04-13 14:29:41

ယခုလ ၁၂ရက်နေ့က ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကီသ် ရော့ဝယ်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပိုအော် အာရှ ဖိုရမ်၌ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်း၌ ကြေညာသည့် တရုတ်ပြည် တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးရေး ဆောင်ရွက်ချက်သစ်များကို ချီးကျုးကြောင်း ပြောကြားသည်။

၎င်းက တရုတ်ပြည်သည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့တွင် အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြောင်း၊ တရုတ်ပြည်မှ တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးရေးဆောင် ရွက်ချက်များသည် လက်ရှိအခြေအနေကို ကောင်းမွန်လာစေပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဓိက အဖွဲ့ဝင်များ အကြား သဘောကွဲလွဲမှုများကို ဖြေရှင်းရေး အတွက်  အထောက် အကူဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

 

   Webradio