• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်မှ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ဇောက်ချကျင့်သုံးရေး ဆောင်ရွက်ချက် များသည် ဟော်လန်နှင့် တရုတ် အတွက် အကျိုးရှိဟု ဟော်လန် ဝန်ကြီးချုပ်ဆို

(GMT+08:00) 2018-04-13 14:28:49

    တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်ပြီး အာရှ ပိုအော် ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဟော်လန် နိုင်ငံ ဝန်ကြီးချုပ် မာရွတ်က ယခုလ ၁၂ရက်နေ့က ပီကင်း နိုင်ငံခြား ဘာသာစကား တက္ကသိုလ်တွင် ခရီးလှည့်လည်ရာ၌ ပြီးခဲ့သော နှစ်ပေါင်း ၄၀အတွင်း တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုတွင် ရရှိခဲ့သော အောင်မြင်မှုများကို လွန်စွာ ချီးကျူးကြောင်း၊ တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု တစ်ဆင့်တိုး ဇောက်ချကျင့်သုံးရေးနှင့်အမျှ တရုတ်ပြည်၏ အင်အားနှင့် သြဇာ သက်ရောက်မှုသည် ဆက်လက် တိုးမြင့်လာမည် ဖြစ်ကြောင်း၊ ယင်းသည် ဟော်လန်နှင့် တရုတ် နှစ်နိုင်ငံ စလုံး အတွက် အကျိုးရှိကြောင်း ပြောကြားသည်။

   Webradio