• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော် အာရှ ဖိုရမ်တွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းသည် အရေးကြီးသည့် တရား ဥပဒေ ဆိုင်ရာ အနက်အဓိပ္ပါယ် ရှိဟု အီတလီ ဥပဒေ ပညာရှင်ဆို

(GMT+08:00) 2018-04-13 14:26:33

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပိုအော် အာရှ ဖိုရမ် ၂၀၁၈ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် အရေးကြီး မိန့်ခွန်းပြောကြားရာ တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးရေး ဆိုင်ရာ အရေးကြီး ဆောင်ရွက်ချက် ၄ချက်ကို ကြေညာခဲ့ သည်။ အီတလီ ဥပဒေ ပညာရှင် လောကမှ ၄င်းမိန့်ခွန်းကို အလွန် အာရုံစိုက်ကြကြောင်း၊ ရောမ ဒုတိယ တက္ကသိုလ် ဥပဒေ ပညာ ဒေါက်တာ၊ တရုတ် နိုင်ငံရေးနှင့် တရားရေး ပညာ တက္ကသိုလ် ပါမောက္ခ စတယ်ဖာနို ပိုစယ်လီက ဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေးသည် တရုတ် ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဘောင်ကို တည်ဆောက်ထားကြောင်း၊ တရုတ်ပြည်၏ တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးရေး ဆောင်ရွက် ချက်များသည် နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် အရေးကြီးသည့် တရား ဥပဒေ ဆိုင်ရာ အနက်အဓိပ္ပါယ် ရှိကြောင်း ပြောကြားသည်ဟု စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio