• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော် အာရှ ဖိုရမ်တွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းကို သြစတြေးလျ နိုင်ငံရေးနှင့် စီးပွားရေး လောက ချီးကျူး

(GMT+08:00) 2018-04-13 14:23:27

ယခုနှစ် ပိုအော် အာရှ ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြားသည်။ သြစတြေးလျ နိုင်ငံရေးနှင့် စီးပွားရေး လောကမှ ၄င်းမိန့်ခွန်း အပေါ် ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ချီးကျူးကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် သြစတြေးလျ ကုန်သွယ်ရေး အရာရှိနှင့် စီးပွားရေး လောကမှ ပုဂ္ဂိုလ်များက တရုတ်ပြည်မှ ဂလိုဘယ်လိုင်ဇေးရှင်း လမ်းကြောင်းကို စွဲကိုင်ခြင်းသည် သြစတြေးလျ နိုင်ငံ အတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း၊ သြစတြေးလျသည် တရုတ်ပြည်နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ရန် ပြင်းထန်သော ဆန္ဒရှိကြောင်း ဖော်ပြသည်။

ယခုရက်များအတွင်း သြစတြေးလျ အဓိက မီဒီယာများသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ပြီး သက်ဆိုင်ရာ ဆောင်းပါးများကို ရေးသား ဖော်ပြကြောင်း၊ သြစတြေးလျ နိုင်ငံရေးနှင့် စီးပွားရေး လုပ်ငန်းဌာနများသည် သက်ဆိုင်ရာ မူဝါဒ အကဲဖြတ် သုံးသပ်ရေး အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

သြစတြေးလျ အစိုးရ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ကော်မရှင် အဆင့်မြင့် ကော်မရှင်နာ ဒန်တယ်ဘတ်က စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းသည် တရုတ်ပြည် အနေနှင့် နိုင်ငံခြား မူဝါဒ၏ ဆက်လက် ကျင့်သုံးမှုနှင့် တည်ငြိမ်မှုကို ထိန်းထားမည်ကို ပြဆိုနေကြောင်း၊ သြစတြေးလျသည် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း ပြောကြားသည်။

 

   Webradio