• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြည်တွင်းပြည်ပ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တိုင်ပင်ဆွေးနွေး

(GMT+08:00) 2018-04-12 09:38:35

ယခုလ ၁၁ ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟိုင်နန် ပြည်နယ် ပိုအော်မြို့ နိုင်ငံတော် ဧည့်ဂေဟာ၌ ပိုအော် အာရှ ဖိုရမ် လက်ရှိ ကောင်စီ ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌလောင်းတို့နှင့် တွေ့ဆုံသည့်အပြင် ဖိုရမ် နှစ်ပတ်လည် အစည်းအဝေး တက်ရောက် နေသော ပြည်တွင်းပြည်ပမှ ကုမ္ပဏီ လုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှုသည် ပြီးမြောက်ချိန် ဟူ၍ မရှိဘဲ လုပ်ဆောင်နေဆဲ ဖြစ်ခြင်းသာ ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း ရပ်စဲမည် မဟုတ်ကြောင်း၊ ဖွင့်ထားသော တံခါးကို ပိတ်မည် မဟုတ်ကြောင်း၊ တရုတ်ပြည် စီးပွါးရေး မြန်နှုန်းမြင့်ရထားကို အတူ စီးကြရန်၊ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အောင်ကျိုးရလဒ်များကို မျှဝေ ခံစားကြရန် ကြိုဆိုပါကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါသည်။

ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် အပါအဝင် တရုတ် လုပ်ငန်းရှင် ၂၆ ဦး၊ အာရှ နိုင်ငံမှ လုပ်ငန်းရှင် ၁၁ ဦး၊ ဥရောပနှင့် အမေရိကန်မှ လုပ်ငန်းရှင် ၁၄ ဦး အပါအဝင် ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင် ၅၁ ဦးတို့သည် ယခုအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ကြပါသည်။

   Webradio