![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ယခုလ ၁၀ ရက်နေ့က ဟိုင်နန်ပြည်နယ် ပိုအော်နိုင်ငံတော်ဧည့်ဂေဟာ၌ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံးနှင့် တွေ့ဆုံနှုတ်ဆက် ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်-စင်ကာပူဆက်ဆံမှုဖွံ့ဖြိုးရေးသည်၊ တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုနှင့် ခွဲမရကြောင်းပြောကြားခဲ့သည်။
လီရှန်လုံးက၊ စင်ကာပူအနေနှင့်၊ နိုင်ငံတကာစည်းမျဉ်းဥပဒေကို အခြေခံထားသည့် နိုင်ငံတကာစည်းစနစ်ကို ထောက်ခံပြီး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖြင့် နိုင်ငံတကာ ရေးရာပြဿနာနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ခံယူကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။