![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၀ ရက်နေ့က ဟိုင်နန်ပြည်နယ် ပိုအော်နိုင်ငံတော်ဧည့်ဂေဟာ၌ ဖိလစ်ပိုင်သမ္မတဒူတာတေးနှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ရှီကျင့်ဖိန်က သမ္မတ ဒူတာတေး တာဝန်ထမ်းဆောင်ခဲ့ သည့်နောက်ပိုင်းတွင် တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုသည်၊ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လာ ခဲ့ကြောင်း၊ တရုတ်ပြည်အနေနှင့်၊ ဖိလစ်ပိုင်အပေါ် ကျင့်သုံးသည့် အိမ်နီးချင်းကောင်း ချစ်ကြည်ရေးမူဝါဒမှာ စွဲမြဲကြံ့ခိုင်ပြီး၊ ဖိလစ်ပိုင်ဖွံ့ဖြိုးတိုးတက်ရန် အားပေးထောက်ခံသော လိုအင်ဆန္ဒမှာ ရိုးသားဖြူစင်ကြောင်း ပြောကြားခဲ့သည်။
ဒူတာတေးက လက်ရှိ ဖိလစ်ပိုင်-တရုတ်ဆက်ဆံမှုသည်၊ အရှိန်အဟုန်ဖြင့် တိုးတက် လျက်ရှိပြီး၊ ဖိလစ်ပိုင်၏ စီးပွားရေး၊လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရေးအတွက် တရုတ်ပြည်မှ အားပေးကူညီ ထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။