![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
ဧပြီလ ၉ ရက်နေ့ညနေပိုင်းက အာရှမီဒီယာထိပ်သီးအစည်းအဝေးမှ အရေးကြီးသော ဖိုရမ်ခွဲ ၄ ခု ကျင်းပခဲ့သည်။ မြန်မာရွှေသံလွင်မီဒီယာအုပ်စုမှ ဒုဥက္ကဋ္ဌ၊ ဒီမိုကရေစီတူဒေး သတင်းစာ အယ်ဒီတာချုပ်ဦးကိုကိုက တရုတ်နိုင်ငံကို ပြောမိလျှင် ပထမဦးဆုံးတွေးမိသော စကားလုံးမှာ တံခါးဖွင့်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တံခါးဖွင့်ပြုပြင်ပြောင်းလဲရေး ကျင့်သုံးသည့် နှစ် ၄၀ အတွင်း စီးပွားရေးမှာ တစ်ကမ္ဘာလုံး အာရုံစူးစိုက်သော အောင်မြင်မှု များရရှိခဲ့သကဲ့သို့ တံခါးဖွင့်ခြင်းဖြင့် ပိုမိုများပြားသော မိတ်ဖက်ရှိလာကြောင်း၊ ယနေ့ ကျင်းပ သော အာရှမီဒီယာထိပ်သီးအစည်းအဝေးသည် အကောင်းဆုံးဥပမာဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ တံခါးဖွင့်ရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး နယ်ပယ်၃နယ်ပယ်မှ အတွေ့အကြုံများကို အာရှတိုက်နိုင်ငံများ မှီငြမ်းသင်ယူဖွယ်ရာရှိပြီး ယင်းအတွေ့အကြုံများသည် အာရှတိုက်နှင့် ကမ္ဘာ့နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးကြောင်း ပြောကြားသည်ဟု စီအာအိုင်သတင်းအရသိရသည်။