• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပိုအော် အာရှဖိုရမ် ဧည့်သည်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-04-09 09:32:53

ပိုအော် အာရှဖိုရမ် ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၈ ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ် ပိုအော်မြို့၌ ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ "ပိုအော် အချိန်"လည်း တရားဝင် စတင်ပြီ ဖြစ်ကြောင်း၊ ၈ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်သည် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက်လည်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်နေသော သြစတြီးယား သမ္မတနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဂူတာရက်စ်နှင့် တွေ့ဆုံရာတွင်၊ ရှီကျင့်ဖိန်က၊ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ထောက်ခံခြင်းနှင့် ကုလသမဂ္ဂ၏ အာဏာသြဇာနှင့် အဆင့်နေရာကို ထိန်းသိမ်းခြင်းတို့သည် တရုတ် သံတမန်ရေး၏ အခြေခံ မူဝါဒ တစ်ရပ် ဖြစ်ကြောင်း ပြောကြားပါသည်။

သြစတြီးယား သမ္မတနှင့် တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ သြစတြီးယား နိုင်ငံသည် တရုတ်နိုင်ငံ၏ ဥရောပ၌ အရေးကြီး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio