• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Wednesday  Apr 9th   2025   

ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ်ဝိသေသထူးခြားချက်ပါရှိသော ဆိုရှယ်လစ် အတွေး အခေါ် မိတ်ဆက်ပွဲ ဖိလစ်ပိုင်၌ ကျင်းပ

(GMT+08:00) 2018-02-28 14:38:36

       တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်သွယ်ရေးဝန်ကြီးဌာန ဒု ဝန်ကြီး ကိုယဲ့ကျိုးဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည်၊ ယခုလ ၂၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ် ဝိသေသထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် မိတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး၊ ဖိလစ်ပိုင်အထက်လွှတ်တော်ဥက္ကဋ္ဌ တတိယမြောက် Aquilino Pimentel နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ Alvarez စသည့် PDP ပါတီခေါင်းဆောင်များ၊ ကေဒါများနှင့် မီဒီယာကိုယစားလှယ်များအပါအဝင် လူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်း စီအာအိုင်ကဖော်ပြသည်။

ယင်းမိတ်ဆက်ပွဲတွင် တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့သည်၊ ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ်ဝိသေသထူးခြားချက်ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် ဆိုင်ရာ နောက်ခံအကြောင်းနှင့် အဓိကအကြောင်းအရာများကို ဘက်စုံရှင်းလင်းဖော်ပြခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio