• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရေးကြီးအခန်းကဏ္ဍကို တိုးမြှင့်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-02-26 09:20:20

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေ စိုးမိုးရေး တွန်းအားပေးခြင်းနှင့် ပတ်သက်ပြီး ယခုလ ၂၄ ရက်နေ့က ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဆွေးနွေးပွဲကို ကြီးမှူးကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရေးကြီး အခန်းကဏ္ဍကို တဆင့်တိုး တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ အခြေခံဥပဒေ ကျင့်သုံးမှုကို အဆင့်သစ်သို့ တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio