• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် အဆင့်မြင့် လူ့စွမ်းအား အရင်းအမြစ်များကို အင်တိုက်အားတိုက် ဆွဲဆောင်ခေါ်ယူမည်

(GMT+08:00) 2018-01-17 14:33:32

      တရုတ် လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှု အာမခံရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ အမျိုးသား နိုင်ငံခြား ပညာရှင်များ ရေးရာ ဌာန ဌာနမှူး ကျန်းကျန့်ကိုက ပြီးခဲ့သည့် ၅နှစ် အတွင်း တရုတ်ပြည်သည် နိုင်ငံခြား အဆင့်မြင့် လူ့စွမ်းအား အရင်းအမြစ်များကို အင်တိုက်အားတိုက် ဆွဲဆောင်ခေါ်ယူပြီး တရုတ်ပြည်၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာ ကျားကန်ပေးခဲ့ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ကျန်းကျန့်ကိုက ယခုလ ၁၆ရက်နေ့က ကျင်းပခဲ့သော တရုတ် ပြည်လုံးဆိုင်ရာ နိုင်ငံခြား လူ့စွမ်းအား အရင်းအမြစ်များ ဆွဲဆောင်ခေါ်ယူရေး လုပ်ငန်း အစည်းအဝေးတွင် ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။ ထို့အပြင်၊ ၄င်းက တရုတ်ပြည်သည် လူ့စွမ်းအား အရင်းအမြစ်များ အပေါ် လိုအပ်မှု အများဆုံး အချိန်ကာလတွင် ရှိနေကြောင်း၊ အနာဂတ်တွင် တရုတ်ပြည်သည် နိုင်ငံခြား အဆင့်မြင့် လူ့စွမ်းအား အရင်းအမြစ်များကို အင်တိုက်အားတိုက် ဆွဲဆောင်ခေါ်ယူပြီး နိုင်ငံခြား လူ့စွမ်းအား အရင်းအမြစ်များအား တရုတ်ပြည်တွင် လုပ်ငန်းထူထောင်ရေး၌ အကျိုးများ ပိုပြီး ရရှိစေမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်က တရုတ်ပြည်မကြီးတွင် လာရောက် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ဦးရေမှာ ၉သိန်းကျော်ရှိကြောင်း သက်ဆိုင်ရာ နောက်ဆုံးစာရင်းအရ သိရသည်။

   Webradio