![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
လွန်ခဲ့သည့်နှစ်ကစပြီး တရုတ်နိုင်ငံသည် မြစ်ရေနှင့် ရေကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ရေကန်နှင့်မြစ် အုပ်ချုပ်ရေးမှူး စနစ်ကို စတင် ကျင့်သုံးခဲ့သည်။ ယင်း စနစ် အရ တရုတ်နိုင်ငံသည် ပြည်နယ်၊ မြို့၊ ခရိုင်နှင့် ရွာ အဆင့် လေးဆင့်တွင် ရေကန်နှင့်မြစ် အုပ်ချုပ်ရေးမှူးများ တာဝန်ခန့်အပ်မည် ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်အတွင်း တစ်ပြည်လုံး၌ ယင်းစနစ်ကို ပြီးမြောက်အောင် ထားရှိမည်ဟု သတင်း ရရှိပါသည်။
လွန်ခဲ့သည့်နှစ် မေလက ကင်ညာ နိုင်ငံ၌ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကုလသမဂ္ဂ ပတ်ဝန်းကျင် ညီလာခံတွင် တရုတ် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်ရေးရာ မဟာမင်းကြီးရုံးတို့သည် "စိမ်းလမ်းစိုပြေရေးသည် ကြီးပွါးချမ်းသာခြင်း ဖြစ်ခြင်း၊ တရုတ်ပြည်၏ ဂေဟစနစ် ယဉ်ကျေးမှုနှင့် ဆောင်ရွက်မှု" အမည် ဖြစ်သည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ယင်း အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ဂေဟစနစ် ယဉ်ကျေးမှု တွန်းအားပေးရေးနှင့် ပတ်သက်ပြီး ကမ္ဘာကြီးအား ကတိပြုချက်များကို ထုတ်ပြန်ထားပါသည်။