![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ယခုတလောတွင် လူအချို့သည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာအပေါ် တရုတ် တာဝန် ယူသင့်ဟု ဝါဒ ဖြန့်နေကြောင်း၊ ယင်းသည် ကိုးရီးယားကျွန်းဆွယ် ပြဿနာ အပေါ် ဘက်စုံ မှန်ကန်စွာ နားလည်မှု ကင်းမဲ့ပြီး မရိုးသားသော ကြံစည်ချက် ပါရှိကြောင်း ယခုလ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
ကင်စွမ်က၊ ကိုးရီးယား နျူကလီးယား ပြဿနာ၏ သော့ချက်ကျရာမှာ မြောက်ကိုးရီးယားနှင့် အမေရိကန်အကြား အငြင်းပွါးမှု ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာ ဖြေရှင်းရန်အတွက် အမြဲ ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။