• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်သည် သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အိန္ဒိယ အထူးအဆင့်မြင့် အရာရှိကို ဆင့်ခေါ်တွေ့ဆုံ

(GMT+08:00) 2017-07-10 09:27:02

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုလ ၉ ရက်နေ့က ပါကစ္စတန် နိုင်ငံဆိုင်ရာ အိန္ဒိယ အထူးအဆင့်မြင့် အရာရှိကို နောက်ထပ်တစ်ကြိမ် ဆင့်ခေါ် တွေ့ဆုံကာ ၈ ရက်နေ့က နှစ်ဖက်အကြား ဖြစ်ပွါးခဲ့သော သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို အိန္ဒိယဘက်အား တင်ပြခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ပါကစ္စတန်သည် အိန္ဒိယအား ၂၀၀၃ ခုနှစ်က နှစ်ဖက် ရရှိခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လိုက်နာရန် တောင်းဆိုခဲ့ပါသည်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ၈ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင်၊ အိန္ဒိယ တပ်ဖွဲ့သည် ၈ ရက်နေ့က ကက်ရှ်မီးယား ထိန်းချုပ်ရေး မျဉ်းကြောင်း အနီးတဝက်တွင် ပါကစ္စတန်ပြည်ဘက်အား အကြောင်းမဲ့ သေနတ် ပစ်ခတ်သည်ဟု ဆိုခဲ့ကြောင်း သိရပါသည်။

   Webradio