• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဒေါ်ဆောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

(GMT+08:00) 2016-08-19 16:53:56

 

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန် သည် ယမန်နေ့၁၈-ရက်နေ့ညနေ ပိုင်းက ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် အလည်အပတ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ် လီခေ့ချန် က၊ တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်းဆက်စပ်ပြီး ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေး နက်ရှိုင်းပါကြောင်း ပြောကြားပါသည်။

လီခေ့ချန် က၊ နိုင်ငံတကာအခြေအနေ မည်ကဲ့သို့ပြောင်းလဲစေကာမူ တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် အပြန်အလှန်လေးစားပြီး တန်းတူရည်တူထားကြောင်း၊ တရုတ်၊မြန်မာနှင့် အိန္ဒိယတို့ ပူးတွဲရှေ့ဆောင်တင်ပြသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး၅-ချက် သည် နိုင်ငံတကာဆက်ဆံမှု၏ အခြေခံမူဖြစ်လာပြီဖြစ်ကြောင်း၊ တရုတ်ပြည်သည် မြန်မာ ပြည်မှ ရွေးချယ်သော ကိုယ့်တိုင်းပြည်အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ နေထိုင်မှုဘ၀ ကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ၄င်းက၊ တရုတ်-မြန်မာနှစ်နိုင်ငံတို့သည် လက်တွေ့ကျပူးပေါင်း ဆောင်ရွက်မှုသည် အပြန်အလှန်ဖြည့်စွက်မှုများပြားကြောင်း၊ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးဆောင်ပေးပြီး အပြန်အလှန်အကျိုးရရှိစေရန်ဖြစ်ကြောင်း၊ တရုတ်ပြည်သည် မြန်မာပြည်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမဟာဗျူဟာဆက်နွယ်မှုကို အားဖြည့်ပြီး အရေးကြီးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်အောင် စီစဉ်လိုကြောင်း ပြောကြားပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာ-တရုတ် ချစ်ကြည်ရေးကူးလူးဖလှယ်မှု သမိုင်းရှည်ကြာပြီး ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေး ပြည်သူ့ ဆန္ဒအခြေခံနက်ရှိုင်းကြောင်း၊ မြန်မာအစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံမှု ဖွံ့ဖြိုး တိုးတက်ရန် အလေးထားကြောင်း၊ တရုတ်ပြည်က မြန်မာစီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ကူညီပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတကာအခြေအနေ ပြောင်းလဲမည်သော်လည်း မြန်မာပြည်သည် မြန်မာ-တရုတ်ဆက်ဆံမှု တစ်ဆင့်တိုး ခိုင်မြဲတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာပြည်သည် အာဆီယံ- တရုတ်ဆွေးနွေးရေးဆက်ဆံမှုထားရှိခဲ့သည့် ၂၅-နှစ်ပြည့်ကို အခွင့်ကောင်းအဖြစ်ထားပြီး အာဆီယံ-တရုတ်ဆက်ဆံမှုဆက်တိုက်ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

နှစ်ဦးနှစ်ဘက်တို့သည် မြန်မာမြောက်ပိုင်းဒေသပြဿနာနှင့်ပတ်သက်ပြီးလည်း အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

 

   Webradio