• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဝတ်အစားဝတ်ချိန် ဖက်ရှင်ကျစေမယ့် နည်းလမ်းတွေ

(GMT+08:00) 2015-11-21 18:41:07

အဝတ်အစားဝတ်ဆင်ချိန်မှာ ပိုမိုဖေါ်လွင်လှပစေမယ့် နည်းလမ်းတွေကို အောက်ပါ အတိုင်း ရေးသားပါတယ်။

၁။ ကိုယ်လုံးပေါ်မှန်ရှေ့မှာ ရပ်ပါ

 

ဘယ်ဝတ်စုံကို ဝတ်ဆင်မဆို၊ ကိုယ်လုံးပေါ်မှန်ရှေ့မှာ မတ်တတ်ရပ်လိုက်ပြီးကြည့်ပါ၊ ကိုယ့်ခန္ဓာကိုယ်မှာ ပိုနေတဲ့ အဆီရှိမရှိ၊ ဗိုက်ခေါက်ရှိမရှိနဲ့ လိုအပ်ချက်တွေရှိမရှိဆိုတာကို မှန်ကသာ အကောင်းဆုံးပြင်နိုင်မယ်။

၂။ပုံသွင်းထားသလို ဝတ်ဆင်ပါ

ခန္ဓာကိုယ်တစ်ခုလုံးမှာဆိုရင် အလွယ်တကူ ဝလာတတ်တာဟာ ပေါင်၊ ခါးနဲ့တင်ပါး နေရာမျိုးတွေပါ။ အဲဒါကြောင့် ခန္ဓာကိုယ်ကို အမြဲတမ်းပြေပြစ်စေဖို့၊ အတွင်းခံ ဘောင်းဘီကို ဗိုက်နေရာကနေ ပေါင်နေရာအထိ ဖုံးအုပ်နိုင်တာမျိုး အမြဲတမ်းဝတ်ဆင်ပါ။ အဲလိုဝတ်ဆင် ရင်၊ ခန္ဓကိုယ်အလေးချိန်တိုးလာရင်၊ ပေါင်း၊ ခါးနဲ့ တင်ပါးနေရာတွေမှာ အဆီပိုနေလာတာ ကို ချက်ချင်းသိနိုင်ပါတယ်။

၃။လက်မောင်းနေရာကို ကာကွယ်ပါ။

ခန္ဓာကို ပြည့်တင်းသူတွေရဲ့ လက်မောင်းနေရာဟာ ပုံမှန်ထက် ပိုပြီးတုတ်ခိုင်တတ် တယ်။ လက်ပျက်အင်္ကျီဝတ်တဲ့ခါ၊ အပေါ်ကနေ ခပ်ပါးပါးထပ်ကုတ်တစ် ထည်ကို ဝတ်ဆင် ရင်၊ သင့်ကို ဝလွန်းတယ်လို့မထင်ပါ။

၎။အနက်ရောင်ကို မှန်ကန်စွာ ဝတ်ဆင်ပါ

အနက်ရောင်အဝတ်အစားတွေက ခန္ဓာကိုယ် ပိန်သွယ်သွားစေတတ်တယ်။ ဒါပေမဲ့၊ ပွရောင်းရောင်းနေတာမျိုးမဝတ်ပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့၊ အနက် ရောင်ဝတ်စုံကို ပွရောင်း ရောင်းဝတ်ဆင်တာဟာ ပုံမှန်ထက် ပိုပြီး ဝတယ်လို့ ထင်ပါတယ်။ ဒါကြောင့်၊ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်အောင်သာဝတ်ဆင်ပါ။

 

   Webradio