• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သက်သတ်လွတ်အစားအစာ

(GMT+08:00) 2015-11-20 16:18:01

 

    သက်သတ်လွတ်စားတာ ကောင်းကျိုးများတယ်လို့ ကြားဖူးတယ်။ ဥပမာ သက်သတ်လွတ် အစားအစာထဲမှ အာဟာရဓါတ်တွေကို အလွယ်တကူ စုပ်ယူနိုင်တာမို့ အစာကြေလွယ်တာပေါ့၊ ဒါပေမယ့် အသားဟင်းကတော့ လွယ်လွယ်လေး အစာကြေတာ မဟုတ်ဘူး၊ တချို့အာဟာရဓါတ်ကို တစ်ဝက်ကိုပဲ စုပ်ယူနိုင်တယ်တဲ့။ ပြီးတော့ ဝက်တွေ၊ နွားတွေကို လူတွေက သတ်တဲ့အခါ၊ သူတို့က ကြောက်လန့်ပြီး သတ်တဲ့လူအပေါ် စိတ်ဆိုးမှုတွေ နာကြည်းမှုတွေ ဖြစ်လာတာကြောင့် မကောင်းတဲ့ဓါတ်ပစ္စည်းတွေလည်း ထွက်တတ်တယ်၊ လူတွေက အဲဒီလို မကောင်းဓါတ်တွေရှိတဲ့ အသားဟင်းကို စားတဲ့အခါ ကျောက်ကပ်၊ အသဲ အပါအဝင် စွန့်ပစ်ဓါတ် ဖယ်ထုတ်တဲ့ အင်္ဂါစုရဲ့ ဝန်ထုပ်ဝန်ပိုး ပို ကြီးလာစေပြီး လူတွေ ရောဂါ ဖြစ်စေတတ်တယ်၊ အိုမင်းစေတတ်တယ်။ ဒါပေမယ့် သက်ဆိုင်ရာ သုတေသနရလဒ်အရ၊ လုံးဝ အသားဟင်း မစားဘဲ သက်သွတ်လွတ်ဟင်းချည်း စားမယ်ဆိုရင်လည်း၊ ဗီတာမင် အေ ချို့တဲ့ပြီး ကျောက်တည်ရောဂါ ဖြစ်တတ်တယ်တဲ့၊ သက်သတ်လွတ်ဟင်းထဲမှာ ဗီတာမင်အေ၊ ဗီတာမင် အီ စတဲ့ ဓါတ်တွေ နည်းတယ်လေ။ အဲဒီ ဗီတာမင် နှစ်မျိုး ဖူဖူလုံလုံ မရှိရင်၊ ကိုလက်စထရော အနည်ထိုင်မှု ဖြစ်ပြီးတော့ ကျောက်တည် ရောဂါ ဖြစ်စေတတ်တယ်တဲ့၊ ပြီးတော့ ပရိုတင်းဓါတ်လည်း ချို့တဲ့နိုင်မယ်တဲ့၊

    အာဟာရဆိုင်ရာ ပညာရှင်တွေက၊ သက်သတ်လွတ်စားတာ၊ တစ်ပတ်အတွင်း တစ်ရက် သက်သတ်လွတ်စားဖို့၊ ဒါမှမဟုတ် တစ်ရက်အတွင်း တစ်နပ်လောက်တော့ သက်သတ်လွတ်စားဖို့ သင့်တော်တယ်လို့ တိုက်တွန်းပါတယ်။

   Webradio