• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်တွင်းပြည်ပ သောတရှင်များအား စီအာအိုင်-အကြီးအကဲ၊ ဒုဝန်ကြီး ဝမ်ကိန်းညန်၂၀၁၅-ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက် စကားပြောကြား

(GMT+08:00) 2015-01-01 16:44:40

သောတရှင်များခင်ဗျာ၊ နှစ်သစ် ခေါင်းလောင်းထိုးလိုက်ပါပြီ။ ၂၀၁၅-ခုနှစ် ရောက်ရှိလာ တဲ့ အခါသမယမှာ စီအာအိုင်-အကြီးအကဲ၊ ဒုဝန်ကြီးဝမ်ကိန်းညန်-ဟာ စီအာအိုင် ဝန်ထမ်း အားလုံးရဲ့ ကိုယ်စား အသံလွှင့်ဌာနနဲ့ စီအာအိုင်-အွန်လိုင်း ဝက်ဘ်ဆိုက် မှတစ်ဆင့် သောတရှင်များအား ကောင်းမွန်မြင့်မြတ်တဲ့ နှစ်သစ်ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်သလိုက် ကြောင်းနဲ့ ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောကြားလိုက် ပါတယ်။ ဒုဝန်ကြီး ဝမ်ကိန်းညန်က လူသားတို့ဟာ အပြန်အလှန် ကူးလူးဆက်ဆံမှုနဲ့ ဖွံ့ဖြိုးတိုးတက်လာသလို ယဉ်ကျေးမှုဟာ ကူးလူးဖလှယ်မှုနဲ့ ဂုဏ်ပြောင်ထွန်းကားလာ ပါတယ်။ လာမယ့် ၂၀၁၅ခုနှစ် မှာ စီအာအိုင်ဟာ နိုင်ငံအသီးသီးက သောတရှင်များအား တရုတ်ရှုထောင့်ကနေ တရုတ် ပြည်က အဖြစ်အပျက်များကို ထုတ်လွှင့်မှာ ဖြစ်သလို တရုတ် သောတရှင်များ ကမ္ဘာကို ပိုမို သိရှိနားလည်စေနိုင်အောင် နိုင်ငံအသီးသီးက ပိုမိုများပြားတဲ့ အဖြစ်အပျက်များကို တရုတ် သောတရှင်များအား ထုတ်လွှင့်မှာလည်း ဖြစ်ကြောင်း ပြောကြားပါတယ်။ အခု အကြီးအကဲ၊ ဒုဝန်ကြီး ဝမ်ကိန်းညန်ရဲ့ နှစ်သစ် နှုတ်ခွန်းဆက် မိန့်ခွန်းကို ဆက်လက် အစီရင်ခံပါ့မယ်။

ချစ်ခင်လေးစားရတဲ့ သောတရှင် ပရိသတ်များနဲ့ အင်တာနက် သုံးစွဲသူများခင်ဗျာ၊

၂၀၁၅-ခုနှစ် ကျရောက်လာတဲ့အခါသမယမှာ ကျွန်တော် အနေနဲ့ရော၊ စီအာအိုင်ရဲ့ ကိုယ်စားအဖြစ်ပါ ပီကင်းကနေ မိတ်ဆွေတို့ကို ကောင်းမွန်တဲ့ ဆုတောင်း မေတ္တာပို့သပါကြောင်းနဲ့ ချစ်ခင်ရင်းနှီးစွာ နှစ်သစ် နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားလိုပါတယ်။ သောတရှင်များ နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက် ပါတယ်။

၂၀၁၄ခုနှစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့တဲ့ ၆၅နှစ်မြောက်နှစ် ဖြစ်တယ်။ တရုတ်ပြည်သူများဟာ အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရုတ်အိပ်မက် လက်တွေ့ အကောင်အထည်ဖော်တဲ့ လမ်းကြောင်းပေါ်မှာ ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေကြတယ်။ ဒီနှစ်ဟာ တရုတ်ပြည် ဘက်စုံ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်တဲ့ ပထမနှစ်လည်း ဖြစ်တယ်။ စီအာအိုင်ဟာ မီဒီယာမျိုးစုံပါဝင်တဲ့ ခေတ်မီနိုင်ငံတကာ မီဒီယာအုပ်စုအသစ် တည်ဆောက်ရေး ခရီးမှာ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့တယ်။

၂၀၁၄ခုနှစ်မှာ နိုင်ငံ အသီးသီးက မိတ်ဆွေများဟာ အရင်ကလို တရုတ်ပြည် အပေါ် အာရုံစိုက်သလို စီအာအိုင် အပေါ်လည်း အာရုံစိုက်ကြတယ်။ သြစတြေးလျ သောတရှင် ရိုလန် နီအိုက စီအာအိုင်ကတစ်ဆင့် နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ စီးပွားရေး ခုန်ပျံတိုးတက် နေတဲ့ တရုတ်ပြည်ဟာ တစ်နေ့တခြား အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်နေတာကို တွေ့ရကြောင်း၊ ကျွန်တော်တို့နဲ့ တရုတ်ပြည် အဲဒီလို နီးကပ်လာစေဖို့ စီအာအိုင်တို့ရဲ့ ကြိုးပမ်းမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားတယ်။

ခင်မင်ရင်နှီးရတဲ့ သောတရှင်များခင်ဗျာ၊ မိတ်ဆွေတို့ရဲ့ အာရုံစိုက်မှုနဲ့ အားပေး ထောက်ခံမှု ဟာ ကျွန်တော်တို့ ရှေ့သို့ ဆက်လက် တက်လှမ်းဖို့ အကြီးဆုံး တွန်းအား ဖြစ်တယ်။ သောတရှင်အားလုံးကို စေတနာ သန့်သန့်နဲ့ ကျေးဇူးတင်ရှိတယ်။

ပြီးခဲ့တဲ့ နှစ်မှာ နိုင်ငံ အသီးသီးက စီအာအိုင်ရဲ့ သတင်းထောက်၊ အယ်ဒီတာနဲ့ မီဒီယာများဟာ ကမ္ဘာပေါ်က ဒေသ အသီးသီးတို့ အပေါ် အာရုံစိုက်ပြီး သတင်းရယူ ထုတ်လွှင့်ခဲ့တယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာမှု အပေါ် ဝမ်းမြောက်မိသလို နေထိုင်မှု အခြေအနေ ကောင်းမွန်လာအောင် အားထုတ်ကြိုးပမ်းကြတဲ့ လူများကို ချီးကျူးလေးစားမိတယ်။ အီဘိုလာ ရောဂါ ကူးစက်ခံရသူများ အပေါ် နက်ရှိုင်းစွာ စာနာမိပါတယ်။

ကျွန်တော်တို့ဟာ မတူခြားနားတဲ့ နိုင်ငံများမှာ ရှိပေမဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံမှုဟာ ပိုမို ကျယ်ပြန့်နွေးထွေးလာတယ်။ ကမ္ဘာကြီးဟာ အပြန်အလှန် ရောနှောပေါင်းစပ်ပြီး အပြန်အလှန် မှီခိုအားထားရတဲ့ ကံကြမ္မာ အသိုက်အဝန်း တစ်ခု တစ်နေ့တခြား ဖြစ်လာတယ်။      

လူသားတို့ဟာ အပြန်အလှန် ကူးလူးဆက်ဆံမှုနဲ့ ဖွံ့ဖြိုးတိုးတက်လာသလို ယဉ်ကျေးမှု ဟာ ကူးလူးဖလှယ်မှုနဲ့ ဂုဏ်ပြောင်ထွန်းကားလာပါတယ်။

တရုတ်ပြည်ဟာ ကမ္ဘာကို သိရှိနားလည်ဖို့ ကြိုးပမ်းနေတယ်။ နိုင်ငံအသီးသီးမှ မိတ်ဆွေများက တရုတ်ပြည်ကို ပိုမို သိရှိနားလည်ဖို့လည်း မျှော်လင့်တယ်။ အပြန်အလှန် သိရှိနားလည်မှုကို တိုးပွားစေမှသာ ပိုမိုများပြားတဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိနိုင်မှာ ဖြစ်သလို အထင်လွဲမှားမှုနဲ့ အငြင်းပွားမှုကို လျော့နည်းစေနိုင်မယ်။

စီအာအိုင်ရဲ့ အဓိက လုပ်ငန်းဟာ ကမ္ဘာကို တရုတ်က သိရှိနားလည်စေရေး ဖြစ်သလို တရုတ်ပြည်ကို ကမ္ဘာက သိရှိနားလည်စေရေးလည်း ဖြစ်ပြီး တရုတ်ပြည်သူနဲ့ နိုင်ငံ အသီးသီးတို့က ပြည်သူများအကြား ကူးလူးဖလှယ်မှုနဲ့ ချစ်ကြည်မှုကို တိုးပွားစေရေးလည်း ဖြစ်တယ်။

ကျွန်တော်တို့ဟာ ကမ္ဘာကြီး အတွက် ပိုမို များပြားတဲ့ တရုတ်ရှုထောင့်တွေကို ပေးပြီး တရုတ်ရဲ့တန်ဖိုးအမြင်ကို ဖြန့်ချိကာ ကမ္ဘာအား တရုတ်ပြည်သူများရဲ့ အကဲခတ်မှုနဲ့ သိရှိနားလည်မှု ပုံစံကို ထုတ်လွှင့်ပြီး ပိုမိုများပြားတဲ့ တရုတ်ပြည်ရဲ့ အဖြစ်အပျက်တွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ နိုင်ငံ အသီးသီးတို့က ပိုမိုများပြားတဲ့ အဖြစ်အပျက်တွေကို တရုတ်ပြည်သူများအတွက် ထုတ်လွှင့်မှာ ဖြစ်ပြီး ပိုမိုများပြားတဲ့ တရုတ်ပြည်သူများဟာ မိတ်ဆွေတို့ နိုင်ငံတွေက စိတ်နှလုံးကို သိမ်းကျုံးဖမ်းစားမယ့် အဖြစ်အပျက်တွေကို မျှဝေခံစားစေမှာ ဖြစ်တယ်။ ဒါ့အပြင်၊ ကမ္ဘာကို တရုတ်ပြည်သူများက သိရှိနားလည်စေပြီး  တရုတ်ပြည် အပေါ် မိတ်ဆွေများရဲ့ အမြင်များကို တရုတ်ပြည်သူ များက သိရှိနားလည်စေမှာ ဖြစ်တယ်။

ဒီနေ့ခေတ်မှာ အင်တာနက် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေပြီး သတင်းအချက် အလက်တွေဟာ ကမ္ဘာအနှံ့ ပြန့်ပွားနေတယ်။ ဒါကြောင့် ကမ္ဘာဟာ ကြီးမားပေမဲ့ ကျွန်တော်တို့ အကြား မဝေးပါဘူး။

အခု စီအာအိုင်ဟာ ဘာသာစကား ၆၅မျိုးနဲ့ အသံလွှင့်၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်း၊ အင်တာနက်၊ စမတ်ဖုန်း အပါအဝင် မီဒီယာ မျိုးစုံနဲ့ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်နေတယ်။

လာမဲ့ ၂၀၁၅ခုနှစ်မှာ ကျွန်တော်တို့ဟာ မီဒီယာ မျိုးစုံ ရောနှောပေါင်းစပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်းကို ပိုမိုလျင်မြန်စွာ လှမ်းမှာဖြစ်ပြီး အထူးသဖြင့် ဒီနေ့ခေတ် သတင်းဖြန့်ချိရေး နည်းလမ်းတွေကို အသုံးပြုမှာ ဖြစ်ကာ မိတ်ဆွေများနဲ့အတူ နိုင်ငံ အသီးသီးမှာ ဖြစ်ပွားတဲ့ သတင်းနဲ့ အဖြစ်အပျက်တွေကို အတူမျှဝေကြမှာ ဖြစ်တယ်။ သတင်းဖြန့်ချိရေး နည်းလမ်းအသစ်များဖြင့် ကျွန်တော်တို့နဲ့ မိတ်ဆွေများကြား ပိုမိုနီးကပ်လာနိုင်မှာ ဖြစ်ပြီး အပြန်အလှန် ကူးလူးဖလှယ်မှုကို ပိုမိုအဆင်ပြေစွာနဲ့ လျင်မြန်စွာ ပြုလုပ်နိုင်မှာ ဖြစ်ကာ ကျွန်တော်တို့ အကြား သိရှိနားလည်မှုနဲ့ ချစ်ကြည်မှုကိုလည်း တိုးပွားစေနိုင်မှာ ဖြစ်တယ်။

နှစ်သစ်မှာ မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ၊ နေထိုင်မှု ဘဝ ကောင်းမွန်ပါစေလို့ ဆုတောင်းလိုက်ပါကြောင်း နောက်တစ်ခါ ပြောချင်တယ်။

သောတရှင်များခင်ဗျာ၊ ခုနက နားထောင်ခဲ့ရတာဟာ စီအာအိုင်-အကြီးအကဲ၊ ဒုဝန်ကြီး ဝမ်ကိန်းညန်ရဲ့ ၂၀၁၅-ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက်စကားဖြစ်ပါတယ်။ မိတ်ဆွေအားလုံး နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ ၂၀၁၅-ခုနှစ်မှာ ပိုမိုကောင်းမွန်ပြီး သာယာချမ်းမြေ့တဲ့ နေထိုင်မှုဘဝကို ရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 

   Webradio