![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
ဆောင်းတွင်း ဝင်တော့ ရာသီဥတု ခြောက်သွေ့လို့ လူတွေက နှာခေါင်းနဲ့ လည်ချောင်းနေရာမှာ ခြောက်သွေ့တာ မသက်သာဘူးလို့ ခံစားရတယ်။ အဲဒီ အချိန်မှာ ရေငတ် ပြေနိုင်ပြီးလည်ချောင်းကို စိုစွတ်လာစေနိုင်တဲ့ သစ်သီးတွေကို စားတာ အကောင်းဆုံးပါပဲ။ ဆောင်းတွင်းနဲ့လိုက်ဖက်တဲ့ ဆေးဘက်ဝင် သစ်သီးတွေထဲမှာ သစ်တော်သီးနဲ့ ကြံဟာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုနိုင်တယ်။ တရုတ် တိုင်းရင်းဆေးပညာမှာ၊ သစ်တော်သီး စားရင်၊ သွားရည် တိုးလာစေခြင်း၊ ရေငတ်ပြေနိုင်ခြင်း၊ ချောင်းဆိုး ပျောက်ခြင်း၊ သလိပ်ပျော်ခြင်း၊ အပူဓါတ် ကျခြင်း၊ သွေး အားကောင်းခြင်း၊ အဆုတ် စိုစွတ်ခြင်း စတဲ့ အာနိသင်တွေ ရှိတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်သစ်တော်သီးနဲ့ကြံကို ဆောင်းတွင်းမှာ ဖျားနေသူနဲ့ ကိုယ်ခန္ဓာထဲ အပူဓါတ် များလွန်းနေသူတွေ အစားသင့်ဆုံး ဖြစ်တယ်လို့ ယူဆတယ်။ အထူးသဖြင့် ဖျားနာပြီး ချောင်းဆိုးခြင်း၊ ကလေးငယ် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ အပေါ် ထိရောက်တဲ့အာနိသင် ရှိပါတယ်။