• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းမြို့တော်မှ နိုင်ငံတကာစတော်ဘယ်ရီ ပြပွဲ

(GMT+08:00) 2012-03-02 11:45:07

မေအားမာန်- သောတရှင်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်၊ကျွန်မ မေအားမာန်ပါ။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းပါခင်ဗျာ၊ကျွန်တော် ခင်မောင်ဝင်းပါ။

မေ- ဒီနေ့ အားမာန်တို့ ကျွန်မအမြင်၊ကျွန်တော့်အတွေး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန် ကျရောက်လို့လာပြန်ပါပြီရှင်။ ဒီနေ့ အစီအစဉ်လေး မစခင်မှာ အားမာန်က နိဗ္ဗာန်ဆော် အလုပ်လေး တစ်ခုလောက် အရင်လုပ်ပါစေနော် ဦးခင်မောင်ဝင်ရေ။

ဦး- ဟုတ်ကဲ့၊လုပ်ပါ(မေအားမာန်)ရယ်။ ဘာများပါလိမ့်နော်။ ကျွန်တော်လည်း သာဓုခေါ်ရအောင်လေဗျာ။

မေ- ဟုတ်ကဲ့၊ ဒီလိုပါရှင်။ အားမာန်တို့ရဲ့ သောတရှင်တွေက အနယ်နယ်အရပ်ရပ်မှာ ရှိနေကြတာ မဟုတ်လားရှင်၊ ဒါကြောင့် အားမာန်က သိပြီးသူတွေအတွက်ကော၊မသိလိုက်ဘဲ ရှိနေမယ့်သူတွေ အတွက်ပါ ဒီအလုပ်လေးကို လုပ်လိုက်ပါရစေလို့ ပြောချင်တာပါနော်။

ဦး- ဟုတ်ကဲ့၊ လုပ်ပါဗျာ။

မေ-ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က(ဖေဖော်ဝါရီလ ၂၂ ရက်နေ့) က ရွှေတိဂုံစေတီတော်ကြီး နှစ် ၂၆၀၀ ပြည့်၊  ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စတင်ကျင်းပနေပြီလေ။ အဲဒိပွဲတော်ကြီးက ကြုံတောင့်ကြုံခဲ မဟုတ်လား ရှင်။ ဒါကြောင့် ရခဲလှတဲ့ ဒီအခွင့်အရေးကြီးကို လက်လွတ်မခံဘဲ ကိုယ်တိုင်ကိုယ်ကျ လှုဒါန်း ကုသိုလ်ယူ ပါဝင်ဆင်နွှဲကြပါလို့ နိဗ္ဗာန်အကျိုးမျှော်ပြီး နှိုးဆော်လိုက်ပါရစေရှင်။

အားမာန်လည်း ပီကင်းကနေ စိတ်မျှော်မှန်းပြီး ကုသိုလ်ယူပါကြောင်းလည်း ပြောလိုက်ပါရစေနော်။

မေ- အခုတစ်ပတ် အားမာန် အစီအစဉ်လေးမှာ တင်ဆင်ပေးချင်တာကတော့ ပီကင်းမြို့မှာ ကျင်းပ နေတဲ့ ထူးထူးခြားခြားပွဲတော်ကြီးတစ်ပွဲအကြောင်းကို ပြောကြရင် မကောင်းဘူးလား ဦးခင်မောင်ဝင်း ရယ်

ဦး- ဟုတ်ကဲ့၊ဘာပွဲတော် အကြောင်းပြောမှာလဲဗျာ၊ ပီကင်းက အကြောင်းဆိုတော့ ကျွန်တော်တို့ရဲ့ သောတရှင်တွေကလည်း ပိုပြီးများ စိတ်ဝင်စားကြမယ်လို့ ထင်ပါရဲ့ဗျာ။

မေ- ဟုတ်တယ်နော်။ အားမာန်တို့တွေက သောတရှင်တွေ အတွက်ပဲ အသက်ရှင်သန်နေကြတာ မဟုတ်လားရှင်။ အဲဒါနဲ့ ပတ်သက်ပြီး အားမာန် သောတရှင်တွေကို မပြောဖြစ်တာ ကြာပြီဖြစ်တဲ့ စကားလေး ပြန်ပြောဦးမယ်ရှင်။ အားမာန် ပြောချင်တာလေးက အားမာန်တို့ချစ်ခင်ရပါတဲ့ သောတ ရှင်တွေဆီက အားမာန်တို့အစီအစဉ်လေးအတွက် ပေးပို့လာတဲ့ စာလွှာလေးတွေမရောက်တာတော် တော်ကြာပြီဆိုတဲ့အကြောင်းလေးပါရှင်။ အားမာန်တစ်ခု သိထားတာကလည်း အခု စာပို့ခတွေက လည်းတော်တော်ဈေးမြင့်လာတယ်လို့လေ။ အဲလိုကြောင့်များလားလို့လည်း တွေးမိပါတယ်ရှင်။ အားမာန်တို့က နားတော့နားလည်ပါတယ်ရှင်။ ဒါပေသိလည်း ချစ်ရတဲ့သောတရှင်တွေဆီက ပေးပို့ လာမယ့်စာလွှာလေးတွေကို အားမာန်တို့မျှော်နေပါတယ်ဆိုတဲ့ အကြောင်းလေးကို လေလှိုင်းကနေ တစ်ဆင့် ပြောလိုက်ချင်တာပါပဲရှင်။

ဦး- ဟုတ်ပါတယ်ဗျာ၊ကျွန်တော်တို့တွေက သောတရှင်တွေဆီက စာလေးတွေကိုမျှော်နေပါတယ်ဗျာ

မေ- ဟုတ်ကဲ့ပါရှင်။အခုတစ်ပတ် အားမာန်တို့ပြောမယ့်အကြောင်းကတော့ နိုင်ငံတကာစတော် ဘယ်ရီပြပွဲ အကြောင်းကိုပြောပါမယ်ရှင်။

ဦး-ကောင်းတာပေါ့ဗျာ။

မေ- ပြီးခဲ့တဲ့ ၁၈-၂-၁၂ရက်နေ့(စနေနေ့)က ပီကင်းမြို့ရဲ့ ချမ်းဖိန်(chang pin) မြို့နယ်မှာ နိုင်ငံတကာ စတော်ဘယ်ရီပွဲတော်ကြီး ဖွင့်လိုက်တယ်မဟုတ်လားရှင်။

ဦး- ဟုတ်တယ်ဗျာ။

မေ- အခုတစ်ကြိမ်နဲ့ဆို အဲဒိပွဲတော်က သတ္တမအကြိမ်တောင် ဖြစ်သွားပြီနော်။

ဦး- ဟုတ်ပါတယ်။ အာရှတိုက်မှာ ပထမဆုံးလုပ်တဲ့ပွဲကလည်း တရုတ်ပြည်၊ပီကင်းမြို့မှာပဲ စတင် ကျင်းပခဲ့တာပါဗျာ။

မေ- အော ဟုတ်ကဲ့ပါရှင်။ဒါဆို ဒီတစ်ကြိမ်နဲ့ဆို ဒါက ဒုတိယ အကြိမ်ပေါ့နော်။ အားမန်သိထားတာ က အဲပွဲမှာ အမေရိကန်၊ကနေဒါ၊စပိန် စတဲ့ နိုင်ငံနဲ့ဒေသပေါင်း  ၆၆ ခုတောင်ရှိတယ်တဲ့ရှင်။ ဒီတစ် ခါပွဲတော်ကြီးကိုလာတဲ့ ကုမ္ပဏီတွေက ၂၀၀ ရှိတယ်တဲ့လေ။ ကိုယ်စားလှယ်တွေကလည်း တော် တော်များတယ်သိလား။ ၁၀၀၀ လောက်ရှိတယ်ဆိုပဲရှင်။ အရင်တုန်းကလည်း ဒီပွဲတော်ကြီးကို ကျင်းပခဲ့ဖူးပေမဲ့ ဒီတစ်ခေါက်ပွဲတော်ကတော့ လူအများဆုံးလာတဲ့ပွဲလို့တောင် ဆိုနိုင်တယ်လို့ သိထားတယ်ရှင်။

ဦး- ဟုတ်ပါတယ်၊ အခုတစ်ခေါက်ပွဲတော်မှာ အီရန်၊ချက်နိုင်ငံ စတဲ့နိုင်ငံ(၁၆)နိုင်ငံ ကပထမဆုံးလာ တာလေ။

မေ- ဟုတ်ကဲ့ပါ၊ဒါဆို အစတုန်းကတော့ နိုင်ငံ (၅၀) က စတော်ဘယ်ရီတွေကိုပဲ ပွဲတော်မှာ တွေ့နိုင် ပြီးအခုတစ်ခေါက်မှ နိုင်ငံ ၆၆ နိုင်ငံက စတော်ဘယ်ရီတွေကို တွေ့နိုင်တာပေါ့နော်။ပြီးတော့ အဲဒိ ၁၆ နိုင်ငံက ဘာလို့လာသလဲဆိုတာက တရုတ်ရဲ့ စတော်ဘယ်ရီဈေးကွက်ဟာ နောင်မှာ အင်မတန်ကြီး ကျယ်လာမှာဖြစ်သလို၊ ပိုပြီးတော့လည်း ကောင်းလာမယ်လို့ ထင်တယ်တဲ့လေ။

ဦး- ဟုတ်တာပေါ့ဗျာ။ အခုပွဲတော်ကြီးမှာ နိုင်ငံတကာက စတော်ဘယ်ရီတွေ အမျိုးမျိုးရှိတဲ့ထဲကမှ အကောင်းဆုံး စတော်ဘယ်ရီအမျိုးရဲ့ ခေတ်မီစိုက်ပျိုးရေးနည်းလမ်းတွေ နည်းပညာတွေကိုလည်း ပြ သထားတယ်တဲ့ဗျာ။

မေ- အော ဟုတ်လားရှင်၊ ဒါဆိုကောင်တာပေါ့။ စတော်ဘယ်ရီကြိုက်တဲ့သူတွေ အတွက်တော့ အခွင့်ကောင်းပဲနော်။ ပြီးတော့ အားမာန်သိတာက နိုင်ငံတကာက လာတဲ့လုပ်ငန်းရှင်တွေ၊ ပညာ ရှင်တွေ အချင်းချင်းလည်း အပြန်အလှန် နည်းပညာတွေကို ဆွေးနွေးကြ၊ဖလှယ်ကြတယ် ဆိုပဲရှင်။

ဦး- ဟုတ်ပါတယ်ဗျာ။ အဲဒိပွဲတော်ကို လာပြီး စတော်ဘယ်ရီစိုက်ခင်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ၀င်ပြီးလေ့လာနိုင်တယ်၊ပြီးတော့ ကိုယ်လိုချင်သလောက်လဲ ကိုယ်တိုင်ခူးပြီး ကြိုက်သလောက် ၀ယ် နိုင်တယ်။

မေ- ဟုတ်တယ်နော်၊ဒါဆို ပျော်စရာတော်တော်ကောင်းမှာပဲသိလား။ အားမာန်တော့ တွေးရင်း တောင် အဲလိုဝယ်ချင်စိတ်တွေ ဖြစ်သွားမိတယ်ရှင်။ ဒါဆို အားမာန် အပြေးလေးသွားဝယ်လိုက်ဦး မယ်ရှင်။

ဦး- အော်( မေအားမာန်) ကလည်း စိတ်မြန်ပ၊

မေ- မဟုတ်ရပါဘူးရှင်။ အားမာန်တို့ ရထားတဲ့ အချိန်လေးကလည်း စေ့သွားပြန်ပြီမို့ စတော်ဘယ်ရီ သွားဝယ်ရင်းနဲ့ အားမာန်ချစ်တဲ့ သောတရှင်တွေကို နှုတ်ဆက်လိုက်ပါတယ်နော်။

 

   Webradio