• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အမျိုးသားဝတ်စုံ

(GMT+08:00) 2012-02-16 13:30:22

မေအားမာန်- သောတရှင်များအားလုံး မင်္ဂလာပါရှင်။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းပါခင်ဗျာ။

မေ- အခုတစ်ပတ် အားမာန်တို့ သောတရှင်တွေကို တင်ဆက်ပေးချင်တာလေးတွေကတော့ တရုတ် ပြည်ရဲ့ အမျိုးသားဝတ်စုံအကြောင်းကို အဓိကထားပြောကြရအောင်လားရှင်။

ဦး- ဟာ သိပ်ကောင်းတယ်ရှင်။ ကျွန်တော်လည်းပြောချင်နေတာ ကြာပါပြီဗျာ။

မေ- ဟုတ်ကဲ့ ဒါဆို အားမာန်က ဦးခင်မောင်ဝင်းကို အမေးစကားနဲ့ပဲ စလိုက်မယ်နော်။ ဒီလို ဦးခင်မောင်ဝင်းရယ် တရုတ်လူမျိုးတွေရဲ့ အမျိုးသားဝတ်စုံ ဆိုတာလေးကို အရင်ပြောပြပေးပါနော်။

မြန်မာအမျိုးသားဝတ်စုံ ခေါင်းပေါင်း၊ရင်ဖုံးအင်္ကျီ၊(တိုက်ပုံ)၊တောင်ရှည်ပုဆိုး၊မန္တလေးညှပ်ဖိနပ်(ပိန်းတန်း)၊(ရှေး တုန်းက)

ခေါင်းပေါင်း၊စွယ်ကျယ်၊ရှပ်အကျီ(ကော်လံပါ၊များသောအားဖြင့်ကတော့ လယ်ကတုံး)။တိုက်ပုံ(၂ မျိုး ဖြစ်နေ၊အရင်တုန်းကလို ရင်ဖုံးတိုက်ပုံတွေလည်းဝတ်ကြသလို၊ရှေ့ကွဲတိုက်ပုံအကျီင်္တွေလည်းဝတ် တတ်ကြတယ်၊အခုမှာတော့ ပုဆိုးတွေပဲဝတ်လေ့ရှိတော့တယ်။

အမျိုးသမီးတွေဆို ခေါင်းမှာဆံထုံး၊ပန်းပန်၊ရင်ဖုံးအကျီလက်ရှည်၊ထမိန်၊မန္တလေးပိန်းတန်းဖိနပ်၊ညှပ် ဖိနပ်အပါး

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အခု ယဉ်ကျေးမှုတွေက တဖြည်းဖြည်းယိမ်းယိုင်လာနေသလိုပဲနော်။

အခု ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မိန်းကလေး ယောကျာ်းလေးက ဘောင်းဘီကိုပဲ တွင်တွင်ဝတ်နေတော့ တယ်။ မြန်မာနိုင်ငံမှာလည်း အခုဆို ယဉ်ကျေးမှုကို ထိန်းတဲ့အနေနဲ့အခုဆိုရင် တက္ကသိုလ်တွေမှာဆို မိန်းကလေးဆို ရင်ဖုံး၊ရင်စေ့အကျီင်္လက်ရှည်၊လက်ရှည် မဟုတ်တောင် တံတောင်ဆစ်ဖုံးလေးပေါ့၊ပြီး တော့ ထမိန်ဝတ်ရမယ်၊

ယောက်ကျာ်းလေးဆိုရင် ရှပ်အကျီ၊ပုဆိုးဝတ်ရမယ်စသဖြင့်ပေါ့ အဲလို စည်းကမ်းသတ်မှတ်လိုက် တယ်၊

အဲလိုမှ မလုပ်ရင်လည်း ကလေးတွေက နိုင်ငံတကာက ၀တ်စားဆင်ယင်မှုတွေကို လိုက်လိုက်ဝတ် လွန်းအားကြီးတယ်လေ။

တရုတ်ပြည်ရဲ့ ၀တ်စားဆင်ယင်ပုံလေးတွေကို ပြောရမယ်ဆိုရင် ဒီမှာ ရာသီဥတုလေးမျိုးရှိတယ် မဟုတ်လား၊ဒါကြောင့် အ၀တ်အစားကလည်းရာသီကိုလိုက်ပြီး ပြောင်းပြောင်းဝတ်ရတဲ့ သဘာဝ ရှိတယ်နော်။အခု chun tian နွေဦးရာသီတော့စ၀င်နေပြီ၊ပီကင်းသူ၊ပီကင်းသားတွေဆို အခုရာသီကို သူတို့ကြည့်ရတာ သိပ်အေးပုံမပေါ်တော့ဘူး။ ဘဲမွှေးအကျီင်္ထူထူဝတ်တဲ့သူ နည်းနည်း နည်းလာ သလိုပဲလေ၊ အားမာန်တို့တော့ မရဘူး အေးတုန်းပဲ၊ဘဲမွှေးအကျီထူထူဝတ်နေရတုန်းပါပဲ၊အခု တစ် လောသူတို့တွေ ၀တ်စားပုံကို ကြည့်ရတာ၊ သက္ကလပ်လို့ခေါ်ရမလား အောက်မှာ ပိုးထည်လိုမျိုး အသားတစ်ခုခံချုပ်ထားတဲ့ အကျီရှည်တွေကိုပဲ လူတော်တော်များများဝတ်နေကြတယ်နော်၊ပြီး တော့ဘောင်းဘီဆိုလည်း သိပ်ထူတဲ့ဘောင်းဘီတွေကို လူကြီးတွေနဲ့အားမာန်တို့လို အာရှက နိုင်ငံ ခြားသားတွေကလွဲလို့ပေါ့ မ၀တ်ကြတော့ဘူးနော်။

ပြီးတော့ xia tian လို့ခေါ်တဲ့နွေရာသီမှာဆိုရင်တော့ ပူလွန်းပြန်လို့ ချည်သားအကျီလိုမျိုးလေးတွေ ကိုပဲ ၀တ်နို်င်တယ်နော်၊ အဲဒိရာသီဆို မိန်းကလေးတွေက ပိုပြီး အလှအပလေးတွေကို ပိုပေါ်အောင် ၀တ်တတ်ကြတယ်နော်၊ ဘောင်းဘီတိုလေးတွေ၊စကပ်တိုလေးတွေ၊ဂါဝန်ပုံစံလှလှလေးတွေပေါ့၊ ယောကျာ်းလေးတွေဆိုလည်း တီရှပ်မျိုးစုံ၊ဘောင်းပုံစံမျိုးစုံ(အရှည်၊အတို၊ကွားတား)

Qiu tian လို့ခေါ်တဲ့ ဆောင်းဦးရာသီ ဆိုရင်တော့ နည်းနည်းထူတဲ့ အကျီဘောင်းဘီတွေကိုရွေးဝတ် ရတော့မယ်၊ ပြီးတော့ အကျီနဲ့ခေါင်းဆောင်လေးပါတဲ့(ဦးထုပ်လေး)အကျီပုံစံလေးမျိုးလောက်၊ လက်ရှည်အကျီင်္လောက်ဆိုရင်ရတယ်နော်၊ ပြီးတော့ ဘောင်းဘီဆိုရင်လည်း ဂျင်းဘောင်းဘီမထူ မပါးလေးဆိုရပြီနော်၊

အဲ အားမာန်အကြောင်းဆုံးရာသီရောက်လာပြီ၊ dong tian လို့ခေါ်တဲ့ ဆောင်းရာသီဟေ့ရောက်ပြီ ဆိုရင်တော့ ၀တ်လိုက်ရတဲ့ အကျီင်္တွေ အထပ်ထပ်ပါပဲလေ၊ ပထမဆုံးဝတ်ရတာက အသားကပ်လို့ ခေါ်မလား bao nuan nei yi လို့ခေါ်တဲ့ အတွင်းမှာနွေးအောင်ဝတ်ရတဲ့အကျီတစ်ထည်၊ပြီးတော့ သိုး မွှေးအကျီင်္ထူထူကိုထပ်ဝတ်၊ အပြင်ထွက်တော့မယ်ဆို yu long fu လို့ခေါ်တဲ့ ဘဲမွှေးအကျီကိုထပ် ၀တ်၊ဒါနဲ့ပြီးပြီလားလို့ မထငိလိုက်နဲ့ဦးနော်၊ သိုးမွှေးလည်စည်း ကိုစည်း၊ပြီးရင်ဦးထုပ်ဆောင်း၊ ဘောင်းဘီဆိုလည်း အဲလိုပဲ အထဲခံအနွေးဘောင်းဘီကို ၀တ်၊ပြီးရင် ဂျင်းဘောင်းဘီထူထူ ဒါမှမ ဟုတ် ကတ္တီပါမွှေးထူထူဘောင်းဘီကို အပေါ်က၀တ်၊ဒါမှမဟုတ်ရင် သားရေဘောင်းဘီဖြစ်ဖြစ်ဝတ်

အဲဒါနဲလည်းမပြီးသေးဘူးနော် ဖိနပ်ဆိုရင်လည်း ပုံမှန်ရှူးဖိနပ်တွေ မ၀တ်နိုင်တော့ဘူး။ သားရေ လည်ရှည်ဖိနပ်တွေ၊မွှေးပွ(အတွင်းအပြင်ပါတဲ့)လည်တိုဖိနပ်တွေ ၀တ်ချင်ဝတ်၊ဒါမှမဟုတ် လယ်သာ ရှူးဖိနပ်တွေဝတ်၊အဲဖိနပ်ဝတ်တဲ့အခါမှာလည်း ခြေအိတ်က ပုံမှန်ခြေအိတ်တဲ့အမွှေးထူလေးတွေပါ တဲ့ခြေအိတ်ကိုရွေးဝတ်ရတယ်နော်။ ပြီးတော့ လက်အိတ်ဝတ်(လယ်သာ)လက်အိတ်ဝတ်ထားတာ တောင် တစ်ခါတစ်ခါအေးနေတတ်သေးတယ်၊သိုးမွှေးလက်အိတ်တွေဆိုလည်း အထူနဲ့အပါး၂ မျိုး မှာ အထူကိုပဲ ရွေးဝတ်ရတယ်နော်၊

အဲဒိရာသီရောက်ပြီဆိုရင် အပြင်တစ်ခါထွက်ဖို့ အဆင့်ဆင့်ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးမှ ထွက် လို့ရတယ်နော်၊

ဦးခင်မောင်ဝင်းရေ အားမာန်တို့တွေကတော့ သောတရှင်တွေအတွက်တင်ဆက်ပေးရမယ်ဆို မမောနိုင်မပန်းနိုင် တင်ဆက်ပေးနေချင်သူတွေပါနော်၊ဒါပေမဲ့လည်း အချိန်က ဒီလောက်ပဲမို့ ဒီမျှ နဲ့ရပ်နားခွင့်ပေးပါလို့ ချစ်ရတဲ့သောတရှင်များအားလုံး ကာယသုခ၊စိတ္တသုခ နှစ်ဖြာသောသုခ အပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းနှုတ်ဆက်လိုက်ပါတယ်ရှင်။

   Webradio