• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သမိုင်းကို ထာဝစဉ်မှတ်သား၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုး
သမိုင်းကို ထာဝစဉ်မှတ်သား၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုး

(GMT+08:00) 2015-07-02 11:04:30

    ဒီနှစ်ဟာကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်ပွဲခံနှစ်၇၀-ပြည့်နှစ်ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံအသီးသီးတို့ဟာ သမိုင်းကိုအမြဲထာဝစဉ်မှတ်သားထားပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုး တဲ့အနေနဲ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်ပွဲခံအထိမ်းအမှတ်ပွဲတွေကျင်းပပြီးအာဇာနည် များကို လွမ်းဆွတ်သတိရဂါရဝပြုလေ့ရှိပါတယ်။

    ဒီနှစ်မှာ တရုတ်နိုင်ငံဟာ တရုတ်ပြည်သူများရဲ့ ဂျပန်ခုခံရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံနှစ်၇၀-ပြည့်အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ကျင်းပမှာဖြစ် ပါတယ်။ ဒါဟာ သမိုင်းရဲ့ဒဏ်ရာဒဏ်ချက်ကို နှလုံးထဲစွဲစွဲမြဲမြဲသွင်းထားတဲ့ တရုတ်ပြည်သူ များရဲ့သတိရချက်ကို ဖော်ပြနိုင်သလို ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ တရုတ် ပြည်သူများရဲ့ ဆုံးဖြတ်ချက်နဲ့ စွမ်းရည်ကိုလည်း ဖော်ပြနိုင်ပါတယ်။

    တရုတ်ပြည်သူများဟာ ဂျပန်ခုခံရေးစစ်ပွဲကို ၁၄-နှစ်ကြာဆင်နွှဲခဲ့ပြီး လူ၃၅-သန်း သေကြေဒဏ်ရာရရှိကာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲရရှိမှုအတွက် ကြီးမား တဲ့အကျိုးစွမ်းဆောင်မှုတွေ ပေးစွမ်းခဲ့ပါတယ်။ တရုတ်ပြည်သူများရဲ့ အကျိုးစွမ်းဆောင်မှု ဟာ အောက်ပါအတိုင်း ၃-ချက်ရှိပါတယ်။

    ပထမအချက်ဟာ ဂျပန်ခုခံရေးအမျိုးသားတပ်ပေါင်းစုကို ဖွဲ့စည်းတည်ထောင်ခြင်းဖြစ် ပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲဟာ တရားတဲ့ပြည်သူ့စစ်ပွဲဖြစ်ပါတယ်။ တရုတ် ကူမင်တန်ပါတီနဲ့ ကွန်မြူနစ်ပါတီတို့ဟာ တပ်ပေါင်းစုကို ဖွဲ့စည်းတည်ထောင်ပြီး မျိုးချစ် ဝါဒအလံကို ကိုင်စွဲကာ ပြည်သူအများစုကို ဦးဆောင်ပြီး ကျူးကျော်မှုကို တုံ့ပြန်တိုက်ခိုက် ခဲ့ကြပါတယ်။ အမျိုးသားလွတ်လပ်ရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှုတို့ကို ကာကွယ်ထိန်းသိမ်းပြီး တရားမျှတတဲ့တပ်မတော်နဲ့ ဂျပန်ဖက်ဆစ်တပ်ကို ဆုံးခန်း တိုင်အောင် အနိုင်ရရှိခဲ့ပါတယ်။

   Webradio