• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ၏ အရေးကြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများ

(GMT+08:00) 2014-11-13 16:32:00

 ၂၀၁၃ ခုနှစ်က ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟို ကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင်၊ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးဆိုင်ရာ အထွေထွေ ရည်မှန်းချက်မှာ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် စနစ် ပိုမို ပြည့်စုံ ကောင်းမွန်လာစေရန်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးစနစ်နှင့် စီမံအုပ်ချုပ်ရေးစွမ်းအား ခေတ်မီရေးကို တွန်းအားပေးရန် ဖြစ်ကြောင်း စီအာအိုင် အွန်လိုင်းမှ သတင်းအရ သိရပါသည်။

   လွန်ခဲ့သည့်နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ကျေးလက် ပြုပြင် ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး၊ ဘဏ္ဍာရေးနှင့် အခွန် ကောက်ယူရေး စနစ် ပြုပြင်ပြောင်းလဲရေး၊ ယဉ်ကျေးမှုစနစ် နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေစနစ် ပြုပြင်ပြောင်းလဲမှု စမ်းသပ်ရေးနှင့် ရှန်ဟိုင်း လွတ်လပ်သော ကုန်သွယ်ရေးဇုန် စမ်းသပ်ရေး စသည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်မှု ၂၁ ရပ်ကို ပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio