• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ကိုသိရှိနားလည်ခြင်းခရီး အစီအစဉ်များ

(GMT+08:00) 2014-03-27 13:07:53

 

ကျင်းပမည့် အချိန်- ၂၀၁၄ခုနှစ် မတ်လ ၂၆ရက်နေ့မှ ဧပြီလ ၆ရက်နေ့အထိ

ကျင်းပရာနေရာများ- နေပြည်တော်၊ ရန်ကုန်၊ မန္တလေး

ကြီးမှူးကျင်းပသည့်ဌာနများ

တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံး

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန

မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန

 

အစီအစဉ်များ-

၁၊ ဖွင့်ပွဲ အခမ်းအနား

ကျင်းပမည့်အချိန်- ဧပြီလ ၂ရက်နေ့

ကျင်းပရာနေရာ- နေပြည်တော် MRTVဇာတ်ရုံ

ဖွင့်ပွဲ အခမ်းအနာတွင် တရုတ်ပြည်ကိုသိရှိနားလည်ခြင်းဟု အမည်ပေးထားသည့် အနုပညာ ပဒေသာကပွဲ တစ်ခု တင်ဆက်ပါမည်။ ဖွင့်ပွဲ အခမ်းအနားကို MRTVနှင့် Skynetမှ ထုတ်လွှင့်မည်။

 

၂၊ တရုတ်ပြခန်း

ရန်ကုန်တက္ကသိုလ်က ဧရိယာ အကျယ်အဝန်း စတုရန်း မီတာ ၁၅၀ ကျယ်ဝန်းသည့် နေရာကို ပေးပါသည်။ တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးနှင့် ယူနန်ပြည်နယ် အစိုးရ တို့သည် ရန်ကုန်တက္ကသိုလ်သို့ တရုတ်၊ အင်္ဂလိပ်နှင့် မြန်မာ ဘာသာ၃မျိုးဖြင့် ရေးသားထားသော တရုတ်ပြည်နှင့် ပတ်သက်သည့် ဓါတ်ပုံ စာအုပ် ၅၀၀၀-ကျော်နှင့် ကွန်ပျူတာ အပါအဝင် အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းမည်။ နှစ်ဖက်တို့သည် တရုတ်ပြခန်းကို တည်ထောင်ကြပါမည်။

ပြခန်းတည်ထောင်ခြင်း အခမ်းအနား

ကျင်းပမည့်အချိန်- ဧပြီလ ၃ရက်နေ့

ကျင်းပရာနေရာ- ရန်ကုန်တက္ကသိုလ်

 

၃၊ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံတို့၏ သာယာလှပမှုနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု

ဓါတ်ပုံစာအုပ်

အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ဆက်ဆံရေးနှင့် လက်တွဲ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ပုဒ်ဖြင့် တရုတ်ပြည်နှင့် မြန်မာ သဘာဝ ရှုခင်းသာ၊ လူမှုယဉ်ကျေးမှု၊ မြန်မာနိုင်ငံ နှင့်ဆက်စပ်နေသည့် ယူနန်ပြည်နယ်၏ ရိုးရာ ဓလေ့ထုံးစံနှင့် သဘာဝ အခြေအနေများကို ဖော်ပြထားပါသည်။ မြန်မာ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အပါအဝင် အလွှာပေါင်းစုံမှ အရေးကြီး ပုဂ္ဂိုလ်များ၊ နိုင်ငံတော် စာကြည့်တိုက်နှင့် တက္ကသိုလ်များအား ၄င်းဓါတ်ပုံစာအုပ် ကို လက်ဆောင်ပေး မည်ဖြစ်သည်။

 

 

 

၎၊ မီဒီယာများ နှီးနှောဖလှယ်ပွဲ

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ဥက္ကဋ္ဌ ဆိုက်မြင်ကျော်သည် ၄င်း မီဒီယာများ နှီးနှောဖလှယ်ပွဲကို ဦးစီး ကျင်းပမည် ဖြစ်သည်။ Yangon Times၊ 7 Day Newsနှင့် Skynet အပါအဝင် မြန်မာ နိုင်ငံ အဓိက မီဒီယာများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် တက်ရောက်ကြပါမည်။

ကျင်းပမည့် အချိန်- ဧပြီလ ၁ရက်နေ့

ကျင်းပရာနေရာ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

၅၊ တီဗီကားများပေးအပ်ခြင်း စာချုပ် ချုပ်ဆိုပွဲ အခမ်းအနား

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ သက်ဆိုင်ရာတို့သည် ရုပ်ရှင်ကား၊ တီဗီကားများ ပေးအပ်ခြင်းဆိုင်ရာ စာချုပ် ချုပ်ဆိုကြပါမည်။ တရုတ်သည် မြန်မာဘက်သို့ တီဗီကားနှင့် မှတ်တမ်း ရုပ်ရှင်ကားများ ထုတ်လွှင့်ရန်အတွက် အခမဲ့ ပေးပါမည်။

ကျင်းပမည့်အချိန်- ဧပြီလ ၁ရက်နေ့

ကျင်းပရာနေရာ- Skynet ရုပ်မြင်သံကြားဌာန

 

၆၊ တရုတ် ရုပ်ရှင်နှင့် တီဗီကားများ ပြသမှု

လင်နဲ့မယားလျှာနဲ့သွား ဟူသော မြန်မာဘာသာ နောက်ခံစကားပြော တရုတ် တီဗီ ဇာတ်လမ်းတွဲကို မတ်လ ၂၆ရက်နေ့ ည ၉နာရီ မိနစ်၂၀အချိန်တွင် Skynet MNTV အခမဲ့ ရုပ်သံလိုင်း၌ စတင်ထုတ်လွှင့်မည်။ ၂၆ရက်နေ့နှင့် ၂၈ရက်နေ့ညတွင် တစ်ပိုင်းစီ ထုတ်လွှင့်မည်ဖြစ်ပြီး ဧပြီလ မှစ၍ ဗုဒ္ဓဟူးနေ့ညတိုင်းတွင် တစ်ပတ်လျှင် တစ်ပိုင်းထုတ်လွှင့် ပါမည်။

 

ပျူခေတ်မှ အံ့ဘွယ်ကခြေသည် တီဗီဇာတ်လမ်းတွဲကို ဧပြီလ ၁၄ရက်နေ့တွင် စတင် ထုတ်လွှင့်မည် ဖြစ်ပြီး တစ်နေ့ တစ်ပိုင်းဖြင့် ၄၂ရက် ဆက်တိုက် ထုတ်လွှင့်မည် ဖြစ်သည်။

တရုတ်အာကာသခရီးစဉ် အပါအဝင် မှတ်တမ်းရုပ်ရှင်ကား ၁၁ကားကို မြန်မာဘာသာ စာတန်းထိုးခြင်းနှင့် နောက်ခံစကားပြောခြင်းဖြင့် မတ်လ ၂၀ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် တစ်ကား ထုတ်လွှင့် ခဲ့ပါသည်။

 

၇၊ ပျူခေတ်မှ အံ့ဘွယ်ကခြေသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ခြင်း အခမ်းအနား

ကျင်းပမည့်အချိန်- ဧပြီလ ၃ရက်နေ့

ကျင်းပရာနေရာ- Sky Star ဟိုတယ်

 

 

၈၊ မြန်မာလူမျိုးများ တရုတ်သီချင်းဆိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်း၊ ပဒေသာကပွဲနှင့် ဓါတ်ပုံစာအုပ် လက်ဆောင်ပေးခြင်း အခမ်းအနား

ကျင်းပမည့်အချိန်- ဧပြီလ ၁ရက်နေ့

ကျင်းပရာနေရာ- မန္တလေးအမျိုးသားဇာတ်ရုံ

 

၉၊ တရုတ်-မြန်မာ မီဒီယာများ အပြန်အလှန် ခရီးလှည့်လည်ခြင်း

တရုတ်ဘက်မှ ဖိတ်ကြားချက်အရ ယခုနှစ် မတ်လ ဒုတိယ ၁၀ရက်ပိုင်းတွင် မြန်မာ အဓိက မီဒီယာများမှ သတင်းထောက် ၇ဦးသည် တရုတ်ပြည် ပီကင်းနှင့် ယူနန်သို့ လာရောက်ခရီးလှည့်လည်ပြီး သတင်းရယူခဲ့ပါသည်။

 

   Webradio